ဒီဘရိုင်း

April 24, 2019

ကွင်းလယ်လူ ဒီဘရိုင်း မန်စီးတီး၏ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်များ လွဲချော်မည်

မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ စပါးနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို လွဲချော်တော့မယ်လို့ သိရပါတယ်။ ဒီဘရိုင်းဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီးနောက် မန်စီးတီးအသင်းအတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စပါးအသင်းကို အနိုင်ရတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရသွားတာကြောင့် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေက အနည်းငယ် ပြင်းထန်မှု ရှိတာကြောင့် မန်စီးတီးအသင်းရဲ့ လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဒါပေမယ့် မေလ ၁၈ ရက်မှာ ဝတ်ဖို့ဒ်အသင်းနဲ့ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာတော့ ပြန်လည် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ နည်းပြ ဂွါဒီယိုလာကလည်း အဲဒီသတင်းကို အတည်ပြုခဲ့ပြီး ဒီဘရိုင်းအနေနဲ့ မန်ယူနဲ့ပွဲမှာ လုံးဝ ပါဝင်နိုင်မှာမဟုတ်ဘဲ ဘယ်အချိန်မှာ ပြန်ကစားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
3 years Ago

April 4, 2019

ထိပ်တန်းအဆင့်ခြေစွမ်း ပြန်မရသေးဟု မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း ပြော

ဒဏ်ရာပြဿနာတွေကြောင့် ထိပ်တန်းအဆင့်ခြေစွမ်း ပြန်မရသေးဘူးလို့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ပြောကြားလိုက်ပါတယ်။ ဒီဘရိုင်းဟာ မနေ့ညက ကစားခဲ့တဲ့ ကာဒစ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြသခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းကို အားရကျေနပ်ခြင်း မရှိသေးတာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေကနေ ပြန်ကောင်းလာဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပြီး မနှစ်က ခြေစွမ်းပြန်ရဖို့ ကြိုးစားနေရဆဲဖြစ်တယ်လို့ ဒီဘရိုင်းက ဝန်ခံပြောကြားခဲ့ပါတယ်။ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့အတွက် တခြားကစားသမားတွေထက် ပိုကြိုးစားခဲ့ရပြီး မိမိအနေနဲ့ အကောင်းဆုံးခြေစွမ်း မရသေးပေမယ့်လည်း အသင်းက ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့မယ်ဆိုရင် ကိစ္စမရှိဘူးလို့လည်း ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီက ၅၂ ပွဲအထိ ကစားခဲ့ပြီး ၁၂ ဂိုးသွင်း ၂၁ ကြိမ်အထိ ဂိုးဖန်းတီးနိုင်ခဲ့ပေမယ့် အခုနှစ်ရာသီမှာတော့ ၂၅ ပွဲပဲ ကစားနိုင်ခဲ့ပြီး ၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
3 years Ago
More News
Up