ဒီဘရိုင်း

November 3, 2018

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း ဒဏ်ရာကြောင့် ၁ လကျော် အနားယူရမည်

ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ ခရာဘောင် ရှုံးထွက်ပွဲစဉ်မှာ ကွင်းလယ်ကအားထားရတဲ့ ဒီဘရိုင်း ဒူးဒဏ်ရာထပ်မံရရှိခဲ့တာကြောင့် ၁ လကျော်ကြာ အနားယူရတော့မှာဖြစ်ပါတယ်။ ဒီသတင်းဟာ အသင်းနဲ့ ပရိသတ်တွေအတွက် သတင်းဆိုးဖြစ်ခဲ့ပြီး အရေးပါတဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်ကိုလည်း လွဲချော်တော့မှာပါ။ ဒီဘရိုင်းဟာ ပထမတခါ ဒူးဒဏ်ရာကြောင့် ၂ လနီးပါး အနားယူခဲ့ရသူဖြစ်ပြီးတော့ ဒီရာသီမှာလည်း ၂ ပွဲသာ ကစားထားနိုင်ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ဆောက်သမ်တန်နဲ့ ကစားရမှာဖြစ်သလို ကြားရက်မှာတော့ ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ်ကစားရဖို့ ရှိနပါတယ်။ ဒီဘရိုင်း အခုတခါရရှိခဲ့တဲ့ ဒဏ်ရာကတော့ ယခင်ဒူးဒဏ်ရာနဲ့ မတူဘူးလို့သိရပါတယ်။ ဒီဘရိုင်းရဲ့ဒဏ်ရာနဲ့ ပတ်သတ်လို့အသင်းဟာ အရေးပါတဲ့ ကစားသမားတဦး ဆုံးရှုံးးနေရတယ်ဆိုပေမယ့် လာမယ့်ပွဲတွေက ဖိုင်နယ်မဟုတ်ကြောင်း၊ ၃ မှတ်ရရှိဖို့ ကြိုးစားသွားမယ်လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။ မန်စီးတီးဟာ အခုရာသီရှုံးးပွဲလုံးဝမရှိသေးတဲ့ အသင်းဖြစ်ပြီးတော့ အကောင်းဆုံးစုဖွဲမှု ပုံစံမှာရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
3 years Ago

August 18, 2018

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း ဒူးဒဏ်ရာကြောင့် ၃ လခန့် ဆေးကုသမှု ခံယူရမည်

မန်ချက်စတာစီးတီးအသင်း ကွင်းလယ်သမား ဒီဘရိုင်းဟာ ဒူးဒဏ်ရာကြောင့် ၃ လလောက် ကုသမှု ခံယူရတော့မှာပါ။ အသက် ၂၇ နှစ်အရွယ် ဒီဘရိုင်းဟာ အာဆင်နယ်ကို အနိုင်ရတဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲ ဒုတိယပိုင်းမှာ လူစားနဲ့ ပါဝင်ကစားခဲ့ပါတယ်။ ဘယ်လ်ဂျီယံ ကွင်းလယ်သမားဟာ ဒူးဒဏ်ရာကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လေ့ကျင့်ရေးကွင်းမှာ ရခဲ့တာပါ။ မန်စီးတီးအသင်းကတော့ ကစားသမားရဲ့ ဒူးဒဏ်ရာက ခွဲစိတ်ကုသဖို့ မလိုဘူးလို့ ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးကို ပရီးမီးယားလိဂ်ဖလားနဲ့ ကာရာပေါင်ဖလားတွေ ရအောင် ကူညီခဲ့ပြီး ကိုယ်တိုင်က ၁၂ ဂိုး သွင်းယူထားသလို အသင်းဖော်တွေ ဂိုးရအောင်လည်း ကူညီနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဘရိုင်းဟာ ဘယ်လ်ဂျီယံအသင်းကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ တတိယနေရာ ရအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးထားပါတယ်။
3 years Ago
Up