ဒီဘိုးဝါး

A d v e r t i s e m e n t With Us

November 2, 2016

အင်တာမီလန်အသင်းက နည်းပြ ဒီဘိုးဝါးကို ထုတ်ပယ်

အီတလီ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းဟာ နည်းပြ ဒီဘိုးဝါးကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဘိုးဝါး တာဝန်ယူခဲ့တဲ့ ၁၁ ပွဲ ကစားပြီးချိန်မှာ အင်တာမီလန်အသင်းဟာ ရမှတ် ၁၄ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ ဆမ်ဒိုးရီးယားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အင်တာမီလန် အသင်းပိုင်ရှင်က ဒီဘိုးဝါးကို တိုက်ရိုက် ဖုန်းဆက်ပြီး နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ ဟော်လန်လက်ရွေးစင်ဟောင်း အသက် ၄၆ နှစ်အရွယ် ဖရန့် ဒီဘိုးဝါး ဟာ သြဂုတ်လ ၉ ရက်နေ က ဟောလန်ကလပ် အေဂျက်အသင်းကနေ အီတလီထိပ်သီး အင်တာမီလန်အသင်းကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
4 years Ago
Up