ဒီပဲယင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့

September 7, 2021

ဒီပဲယင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ပြည်သူသို့ သတိပေးချက်ထုတ်ပြန်

ဒီပဲယင်းမြို့နယ်က မိဘပြည်သူတွေအနေနဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အကြောင်းမဲ့ သွားလာတာတွေမလုပ်ဖို့၊ အရေးပေါ် သွားလာရပါက ထင်သာမြင်သာ သွားလာကြပါဖို့နဲ့ အိမ်စီးကားတွေ မှန်ချပြီး အတွင်းမီးဖွင့်မောင်းကြဖို့ ဒီပဲယင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စကစနဲ့ အနီးကပ် မနေဘဲ ရှောင်ရှားကြဖို့၊ စကစကားတွေ တွေ့ရှိပါက ရှေ့နဲ့နောက်ကနေ မသွားကြဖို့ အသိပေး တားမြစ်ထားပါတယ်။

မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ အတတ်နိုင်ဆုံး စီစဉ် ဆောင်ရွက်ထားပါ သောကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင် လိုက်နာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင် တော်လှန်ရာမှာ ပြည်သူတွေရဲံ ပူးပေါင်းလိုက်နာမှုဟာ ဒီပဲယင်း PDF အတွက် တတပ်တအား ဖြစ်စေပြီး မိဘပြည်သူတွေ ထိတ်လန့်မှု မဖြစ်ကြဖို့လည်း အသိပေးပန်ကြားထားပါတယ်။

စကစ တွေက ဖမ်းဆီးခေါ်ဆောင်တာ၊ လူသားတံတိုင်း ပြုလုပ်တာတွေ ဖြစ်ပေါ်လာပါက ကျရောက်လာမယ့် အန္တရာယ်တွေကို ပြည်သူ့တော်လှန်ရေးကာလအတွင်း ဖြစ်တာကြောင့် ဒီပဲယင်း PDF က ရှောင်ရှားမှာမဟုတ်ဘူးလို့ အသိပေးထားပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ် အဆုံးသတ်ရေး၊ ပြည်သူ့တော်လှန်ရေးကာလအတွင်း ပြည်သူ့ တော်လှန်ရေး ရဲဘော်တွေရဲံ လှုပ်ရှားမှုတွေကို စစ်ကောင်စီနဲ့ ထောက်ခံသူတွေ မသိရှိစေဖို့ ကာကွယ်ပေးတာ၊ လမ်းခရီး သွားလာတာကို ကူညီဆောင်ရွက်ပေးတဲ့အနေနဲ့ ပြည်သူ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

3 months Ago
Up