ဒီပဲယင်းမြို့နယ်

October 6, 2021

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ပိုင်း မြင်းတန့်ကျေး ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ အောက်တိုဘာလ ၆ ရက်မနက် ၁၀ နာရီလောက်က စစ်အင်အား ၅၀ ခန့်နဲ့ ခြေလျင်စစ်ကြောင်းသွားနေစဉ် ဒေသခံ PDF တွေက မိုင်းဆွဲတိုက်ခိုက်လို့ ၂ ဦးသေဆုံးပြီး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရသွားတယ်လို့   သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရကာ တော်လှန်ရေး တပ်သားတွေကတော့ အန္တရာယ်ကင်းကင်းနဲ့ဆုပ်ခွာနိုင်ခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ မြင်းတန့်ကျေး ကျေးရွာတရွာမှာ အောက်တိုဘာ ၅ ရက်နေ့မနက်ပိုင်းက စတင်တပ်စွဲခဲ့တာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ‌တော့ အနီးအနားကျေးရွာတွေကို လှည့်လည်ဖို့ ထွက်ခွာလာစဉ် လမ်းမှာမိုင်းမိခဲ့တာဖြစ်ပါတယ်။

2 weeks Ago

October 5, 2021

ဒီပဲယင်းမြို့နယ်၊ အုံးခါးကျေးရွာကို စစ်တပ်ကဝင်ရောက်ပြီး နေအိမ်အချို့ကို မွှေနှောက်ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အုံးခါးကျေးရွာမှာ အောက်တိုဘာ ၅ ရက် နေ့လယ် ၁၂ နာရီ လောက်က စစ်တပ်က နယ်မြေရှင်းလင်းရေးဝင်ရောက်လာပြီး နေအိမ် ၅ လုံးရှိ အတွင်းပစ္စည်းတွေကို ရိုက်နှက်ဖျက်ဆီးသွားပြီး ရွှေငါးမူးသားလောက်ကို ယူသွားတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

“စစ်တပ်ကတော့ဗျာ ဒီအတိုင်းနေတဲ့ကားမှန်တွေလည်း ရိုက်ခွဲကြတယ်၊ ဗီရိုကောင်းတာ ဆိုရင် ဖျက်သွားတယ်၊ သောက်ရေအိုးတွေကစပြီး ရိုက်ခွဲတာပဲ၊ အဝတ်အစားတွေလည်း လွှင့်ပစ်၊ ဘာရှာလို့ ဘာလုပ်ကြမှန်းမသိဘူး၊ လူရှာတာလည်း မဟုတ်၊ ပစ္စည်းရှာတာလည်း မဟုတ်၊ သက်သက်ဖျက်ဆီးသွားကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်က စီးနင်း ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့တဲ့ ကျေးရွာပေါင်း ၂၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။

2 weeks Ago
More News
Up