ဒီဇိုင်နာ

May 21, 2018

တော်ဝင်သတို့သမီး မီဂန်၏ မင်္ဂလာဝတ်စုံချုပ်ပုံကို ဒီဇိုင်နာ ရှင်းပြ

ဗြိတိန်တော်ဝင်သတို့ သမီးမီဂန်ရဲ့ မင်္ဂလာဝတ်စုံ ချုပ်လုပ်ပုံ အကြောင်းကို ဒီဇိုင်နာ ဂျီဗန်ရှီက  ရှင်းပြခဲ့ပါတယ်။ ဗြိတိန်တော်ဝင်မင်္ဂလာပွဲမှာ သတို့သမီး မီဂန် ဆင်မြန်းတဲ့ မင်္ဂလာ ၀တ်စုံကို ပြင်သစ် ဂျီဗန်ရှီ ဖက်ရှင်က ဗြိတိန်ဒီဇိုင်နာ ကလယ်ရာဝိတ်ကယ်လာ ဖန်တီးပုံဖော်ခဲ့တာ ဖြစ်ပါတယ်။ “မီဂန်က ခေတ်ဆန်ပြီး သွက်လက်တယ်လေ။ သူလိုချင်တာက အဲဒါမျိုးလေ။ သူဝတ်တဲ့ မင်္ဂလာဝတ်စုံက သူ့ကို ကိုယ်စားပြုတာမျိုး ကျမ ဖြစ်စေချင်တာ။ အဲဒီ မင်္ဂလာဝတ်စုံကို ဆင်မြန်းလိုက်တာနဲ့ သူလိုချင်တာမျိုး ဖြစ်သွားစေချင်တာ။ နောက်ပြီး မင်္ဂလာ အခါသမယမျိုးနဲ့ ကိုက်ညီတဲ့ ပုံစံမျိုးလည်းဖြစ်စေချင်တယ်။” လို့ မင်္ဂလာဝတ်စုံ ဒီဇိုင်နာ  ကလယ်ရာဝိတ်ကယ်လာ ကပြောပါတယ်။ “နောက်ပြီး မျက်နှာအုပ်တဲ့ ဇာပ၀ါပေါ့လေ။ အဲဒါနဲ့ ပတ်သက်ပြီး ဘာလုပ်ကြမလဲ။ ဇာအနားကွပ်မှာလား။ ဗြိတိသျှ ဓနသဟာယ ၅၃ နိုင်ငံက ဖောင်းကြွ ပန်းရုပ်လေးတွေ ထိုးရင် မကောင်းဘူးလားပေါ့။ အဲဒီ ပ၀ါခြုံပြီး မင်္ဂလာ လျှောက်လမ်းကို လျှောက်မှာလေ။ အဲဒီ ဇာပ၀ါဟာ ပွဲတစ်ပွဲလုံးရဲ့ နှစ်သက်စရာ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။” လို့လည်း  ကလယ်ရာဝိတ်ကယ်လာ ကပြောပါတယ်။ ဒါ့အပြင်  တော်ဝင်မင်္ဂလာ ၀တ်စုံချုပ်လုပ်ခွင့်ရတာနဲ့ ပတ်သက်ပြီး  “ဒီလို သမိုင်းဝင် မင်္ဂလာပွဲမျိုးမှာ ကျမအနေနဲ့ ကိုယ်တတ်ကျွမ်းနဲ့ ပညာနဲ့ ပါဝင်ခွင့်ရတဲ့အတွက် အလွန်တရာမှကို ဂုဏ်ယူမိပါတယ်။ အခုလို မင်္ဂလာဝတ်စုံ ချုပ်လုပ်ခွင့်ရတဲ့အတွက် တကယ်ကို ကံကောင်းပါတယ်။”  လို့လည်း မင်္ဂလာဝတ်စုံ ဒီဇိုင်နာ ကယ်လာက ပြောခဲ့ပါတယ်။
4 years Ago
Up