ဒီဇင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုနဲ့ ကစားသမားဆုကို လီဗာပူးနည်းပြ ယာဂန်ကလော့နဲ့ အလက်ဇန္ဒားအာနိုးလ်တို့က ရယူနိုင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အားလုံးကို အနိုင်ရခဲ့တာကြောင့် နည်းပြကလော့ကို ၄ ကြိမ်မြောက်အဖြစ် ချီးမြှင့်ခဲ့တာပါ။
ကလော့ဟာ အခုနှစ်ဘောလုံးရာသီမှာ သြဂုတ်၊ စက်တင်ဘာ၊ နိုဝင်ဘာလတွေမှာလည်း တလတာအကောင်းဆုံးနည်းပြဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံး ကစားသမားဆုကိုလည်း ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ စုစုပေါင်း ၅ ပွဲမှာ ၄ ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ခဲ့တဲ့ လီဗာပူးနောက်ခံလူ အာနိုးလ်က ရယူနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၅ လအတွင်းမှာ လီဗာပူး ကစားသမား ၂ ဦးအထိ ရယူခဲ့ပြီး နိုဝင်ဘာလအတွက် အကောင်းဆုံးဆုကိုလည်း မာနေးက ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းပြဆုကိုတော့ အောက်တိုဘာလတုန်းက ချဲလ်ဆီး နည်းပြ လမ်းပတ်က ရခဲ့ပြီး ကျန် ၄ ကြိမ်စလုံးကို ယာဂန်ကလော့က ရယူနိုင်ခဲ့ပါတယ်။
1 year Ago