ဒီဇင်ဘာ ၃၁ မှ

December 30, 2017

ဒီဇင်ဘာ ၃၁ မှ ဇန်န၀ါရီ ၁ ရက်အထိ အချိန်အခါမဟုတ် မိုးရွာသွန်းမည်

နေပြည်တော်အပါအ၀င် တိုင်းနဲ့ပြည်နယ်အချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန် ၁၅:၃၀ တိုင်းထွာချက်အရ တရုတ်ပြည်မကြီးမှ ရွေ့လျားလာသော လေအေးများနှင့်ဘင်္ဂလားပင် လယ်အော်ဘက်မှ ရွေ့လျားလာသော လေနွေးများစု ဆုံမှုကြောင့် လေထုမငြိမ်သက်မှုဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ စတဲ့တိုင်းဒေသကြီးတို့နဲ့ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်နဲ့ ကယားပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း၊ မိုးထစ်ချုန်းခြင်းနဲ့ အတူ လေပြင်းတိုတ်ခတ်ခြင်းတွေကို ကြိုတင်သတိပြုကြဖို့လည်း အကြံပြုထားပါတယ်။
4 years Ago
Up