ဒီဇက်ကို

April 11, 2018

ရိုးမားတွင် ဆက်ရှိနေရခြင်းအတွက် ပျော်ရွှင်မိဟု တိုက်စစ်မှူး ဒီဇက်ကို ပြော

ချဲလ်ဆီးအသင်းကို မပြောင်းရွှေ့ခဲ့တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ရိုးမားတိုက်စစ်မှူး ဒီဇက်ကိုက ပြောကြားလိုက်ပါတယ်။ ဒီဇက်ကိုဟာ ဘာစီလိုနာအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဦးဆောင်ဂိုးတဂိုး သွင်းယူပြီး ရိုးမားအသင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက်ရာမှာ အဓိကနေရာကနေ စွမ်းဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့ပေမယ့် ရိုးမားအသင်းမှာ ဆက်ရှိနေတာကို ပျော်ရွှင်မိပြီး အသင်းဘက်ကလည်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒီဇက်ကိုက ပြောပါတယ်။ ရိုးမားအသင်းအနေနဲ့ ဘာစီလိုနာလို ထိပ်တန်းအသင်းကို အနိုင်ရခဲ့လို့ ရှေ့လာမယ့် ပွဲတွေအတွက် ယုံကြည်မှုတွေ ပိုကောင်းသွားပြီး ဗိုလ်လုပွဲအထိတက်ဖို့ မျှော်လင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ အသက် ၃၂ နှစ်ရှိ ဘော့စနီးယားတိုက်စစ်မှူး ဒီဇက်ကိုဟာ အခုနှစ်ရာသီမှာ ရိုးမားအသင်းအတွက် စုစုပေါင်း ၄၁ ပွဲမှာ ဂိုး ၂၀ အထိ သွင်းယူထားပါတယ်။
3 years Ago
Up