ဒီဂီယာ မန်ယူနှင့် ၄ နှစ် စာချုပ် သက်တမ်းတိုး

September 12, 2015

ဒီဂီယာ မန်ယူနှင့် ၄ နှစ် စာချုပ် သက်တမ်းတိုး

အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်း ဂိုးသမား ဒေးဗစ် ဒီဂီယာက ၄ နှစ်သက်တမ်း စာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၄ နှစ် စပိန်လက်ရွေးစင် ဒီဂီယာက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လုနီးပါး ဖြစ်ခဲ့ပေမယ့် မအောင်မြင် ဖြစ်ပြီး စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ မန်ယူမှာ စာမျက်နှာသစ်ဖွင့်လှစ်နိုင်တာကို ၀မ်းသာတယ်လို့ ဒီဂီယာက ပြောပါတယ်။ ဂိုးသမားက အသင်းမှာ နောက်လာမယ့်နှစ်တွေမှာ ရှိနေဦးမယ့်အပေါ် ၀မ်းသာတယ်လို့ နည်းပြ ဗန်ဂေါက ပြောပါတယ်။ ဒီဂီယာက စာချုပ်သစ်ကို လက်မှတ်မထိုးဖြစ်ရင်တော့ ဇန်န၀ါရီအပြောင်းအရွှေ့ ကာလမှာ ရီးရဲလ်ကို အလွတ်ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီဂီယာရဲ့ မန်ယူနဲ့ စာချုပ်အဟောင်း သက်တမ်းဟာ နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အက်သလက်တီကို မက်ဒရစ်ကနေ မန်ယူကို ပေါင် ၁၈.၉ သန်းနဲ့ ပြောင်းလာတဲ့ ဒီဂီယာဟာ အသင်းအတွက် ၁၇၅ ပွဲ ကစားပေးထားပါတယ်။
6 years Ago
Up