ဒီဂီယာနေရာ အစားထိုးရန် စဉ်းစားထားကြောင်း မန်ယူနည်းပြပြော

July 12, 2015

တိုရီနိုနောက်တန်းသမား ဒါမီယန်ကို ၄ နှစ်စာချုပ်ဖြင့် မန်ယူ ခေါ်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်းက အီတလီစီးရီးအေကလပ် တိုရီနို နောက်တန်းသမား မက်သီယို ဒါမီယန်ကို ၄ နှစ် စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ ပြောင်းရွှေ့ကြေးကို ဖော်ပြတာ မရှိပေမယ့် ဗြိတိသျှ မီဒီယာတွေကတော့ ပေါင် ၁၂ သန်းကျော်လောက် ရှိလိမ့်မယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ မက်သီယိုက ညာနောက်တန်းသမား ဖြစ်ပေမယ့် ဘယ်ခြမ်းမှာလည်း ကစားနိုင်တဲ့သူ ဖြစ်တယ်လို့ နည်းပြ ဗန်ဂါးက ပြောပါတယ်။ အသက် ၂၅ နှစ်အရွယ် အီတလီ နောက်တန်းသမားဟာ ၂၀၁၁ မှာ တိုရီနိုအသင်းနဲ့ ပွဲထွက် ကစားခွင့် ရခဲ့ပြီး စုစုပေါင်း ၁၄၆ ပွဲကစားပေးထားပါတယ်။ သူဟာ အီတလီ လက်ရွေးစင်အသင်းအတွက် ၁၃ ပွဲကစားပေးထားပါတယ်။ အီတလီ နောက်တန်းသမား ဒါမီရန်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ပွဲစဉ် ၃ ပွဲလုံးမှာ ပါဝင် ကစားခွင့် ရထားပါတယ်။ ဒါမီယန်ဟာ မန်ယူကနေ နွေရာသီ အပြောင်းအရွှေ့မှာ ဒုတိယမြောက် ခေါ်ယူခြင်း ခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
6 years Ago

July 5, 2015

နာနီကို ဖီနာဘာချီက ပေါင် ၄ သန်းကျော်ဖြင့် ခေါ်ယူ

တူရကီကလပ် ဖီနာဘာချီက မန်ချက်စတာ ယူနိုက်တက် တောင်ပံသမား နာနီကို ပေါင် ၄ သန်းကျော်နဲ့ ခေါ်ယူလိုက်ပြီး ဇူလိုင် ၅ ရက်နေ့ ဆေးစစ်မှု ခံယူမှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် နာနီဟာ ၂၀၀၇ က ပေါ်တူဂီကလပ် စပို့တင်း လစဘွန်းအသင်းကနေ အိုးထရက်ဖို့ကလပ်ကို  ရောက်ခဲ့တာပါ။ နာနီဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်တဲ့အတွက် မနှစ်က ဘောလုံးရာသီမှာ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းကို အငှားချထားခဲ့ရပြီး ၁၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် တောင်ပံသမား နာနီဟာ မန်ယူမှာ ကစားသမား သက်တမ်းအတွင်းမှာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရဖူးထားပါတယ်။ သူဟာ ပေါ်တူဂီအသင်းအတွက် ၈၆ ပွဲ ကစားပေးထားပြီး ၁၅ ဂိုး သွင်းပေးထားပါတယ်။
6 years Ago
More News
Up