ဒိုမာမြို့ အရေးပေါ်ဆေးခန်းတွင်

April 8, 2018

ဒိုမာမြို့ အရေးပေါ်ဆေးခန်းတွင် ကလေးငယ်များကို ရှုဆေး၊ ရေပိုက်ဖြင့် ဆေးကုသနေရ

ဆီးရီးယားသူပုန်တွေ ခြေကုတ်ယူထားတဲ့ ဒိုမာမြို့က အရေးပေါ်ဆေးပေးခန်းတခုမှာ ကလေးငယ် တော်တော်များများကို ရှူဆေးနဲ့ ဆေးကုပေးတာ၊ ရေပိုက်နဲ့ ရေတွေလောင်းချတာတွေလုပ်နေတဲ့ ဗွီဒီယိုတစ်ခု လူမှု ကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။ ဆီးရီးယားအစိုးရတပ်တွေဟာ  ဒိုမာမြို့က အရပ်သားတွေကို ဓာတု လက်နက်နဲ့ တိုက်ခိုက်နေတယ်လို့ သူပုန်တွေဘက်က စွပ်စွဲပြောဆိုအပြီး အခုဗွီဒီယို ထွက်ပေါ်လာတာပါ။ ဒိုမာမြို့တဝိုက်မှာ အစိုးရတပ်ရဲ့ အခုလိုတိုက်ခိုက်မှုကြောင့် လူ ၃၅ ဦးသေဆုံးခဲ့တယ်လို့ ဆီးရီယား-အမေရိကန်ဆေးအကူအဖွဲ့ (SAMS) က  ပြောကြားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အစိုးရတပ်တွေက ကြဲချတဲ့ လက်နက်တွေကနေ ထွက်လာတဲ့မီးခိုးတွေကြောင့် အသက်ရှုကြပ်ပြီး လူ ၁၁ ဦးသေဆုံး ခဲ့တယ်။  ဒါ့ပြင်နောက်ထပ် လူအယောက် ၇၀ ဟာ အသက်ရှုရတာ ခက်ခဲတဲ့ပြဿနာတွေ ကြုံနေ ရတယ်လို့လည်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကပြောပါတယ်။ ဆီးရီးယားအစိုးရပိုင် မီဒီယာကတော့ အစိုးရတပ်တွေဟာ ဓာတုတိုက်ခိုက်မှုတွေ မလုပ်ထားသလို နယ်မြေပျောက်လု နီးပါးဖြစ်နေတဲ့ သူပုန်တွေက သတင်းအတုတွေ ဖြန့်နေတာလို့ သတင်းဖော်ပြထားပါတယ်။ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှု တကယ်ဟုတ်မဟုတ် သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။
4 years Ago
Up