ဒိုမစ်နစ်ကမ်းမင်းစ်

November 14, 2020

ဗြိတိန်ဝန်ကြီးချုပ်၏ အကြံပေး ရာထူးက နုတ်ထွက်

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ သြဇာအကြီးဆုံး အကြံပေး ဒိုမစ်နစ်ကမ်းမင်းစ်ဟာ ရာထူးက ချက်ချင်းနုတ်ထွက်သွားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။  နိုဝင်ဘာလ ၁၃ ရက်က ဒေါင်းနင်းလမ်း နေအိမ်ကနေ ကမ်းမင်းစ် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။  တိုင်းမ်စ်၊ ဘီဘီစီ နဲ့ စကိုင်းသတင်းတွေအရ ဗြိတိန်ဝန်ကြီးချုပ် အကြံပေး ကမ်းမင်းစ်ဟာ ခရစ္စမတ်အထိ ရာထူးမှာ ဆက်မနေဖို့ ဆုံးဖြတ်ခဲ့ပြီး ချက်ချင်းနုတ်ထွက်သွားတယ်လို့ သိရပါတယ်။  ဒါ့အပြင် ဝန်ကြီးချုပ်ရုံး ဆက်ဆံရေး ဒါရိုက်တာ လီကိန်းဟာလည်း အစောပိုင်းက ရာထူး နုတ်ထွက်သွားခဲ့ပါတယ်။  ၂၀၁၆ ဘရဲဆစ် ဆန္ဒခံယူပွဲနဲ့ ဂျွန်ဆင်ရဲ့ ၂၀၁၉ ရွေးကောက်ပွဲအနိုင်ရမှု နောက်ကွယ်က အဓိက ပါဝင်ခဲ့တဲ့ ကမ်းမင်းစ်က သူ့အနေနဲ့ အီးယူကနေ ဗြိတိန် တရားဝင် နုတ်ထွက်တဲ့ ဒီနှစ်ကုန်မှ ရာထူးကနေ နုတ်ထွက်လိုတယ်ဆိုပြီး ဘီဘီစီကို ပြောဖူးပါတယ်။
1 year Ago
Up