ဒိုင်းကာလုပ်သူ

March 13, 2021

ညောင်တုန်းမြို့တွင် ဒိုင်းကာလုပ်သူအား ဖမ်းမမိ၍ အမေနှင့်သမီးကို ဖမ်းဆီး

ညောင်တုန်းမြို့မှာ ဒီမနက် ၈ နာရီခွဲလောက်က  ပန်းဧရာ (၉) ရပ်ကွက် ကျန်စစ်သားလမ်းနေ ကိုမင်း‌(ခေါ်) ကိုပီကေကို ဆန္ဒပြသူတွေအတွက် ဒိုင်းကာတွေ လုပ်နေတယ်ဆိုပြီး သူ့အိမ်ကို ရဲနဲ့စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

သတင်းပေးတိုင်းကြားခံရမှုကြောင့် ရဲနဲ့စစ်တပ်က ကား ၂ စီးနဲ့ လာရောက် ရှာဖွေတာဖြစ်ပြီး  အဲအချိန် ကိုမင်း‌(ခေါ်) ကိုပီကေကို မတွေ့တာကြောင့် အသက် ၇၀ အရွယ် အမေနဲ့ သမီးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အသံဗုံး ပစ်ဖောက်ပြီး ရပ်ကွက်နေ ပြည်သူတွေကိုလည်း ခြိမ်းခြောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ညောင်တုန်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေက နေ့စဉ် ဆန္ဒထုတ်ဖော်နေကြတာလည်း ဖြစ်ပါတယ်။

9 months Ago
Up