ဒိုင်ယာနာ

A d v e r t i s e m e n t With Us

June 18, 2020

ဒိုင်ယာနာအကြောင်းရုပ်ရှင်တွင် Twilight မင်းသမီး ခရစ္စတင်းစတီးဝပ်သရုပ်ဆောင်မည်

Twilight ရုပ်ရှင်စီးရီးစ်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ခရစ္စတင်းစတီးဝပ်ဟာ ဗြိတိန်တော်ဝင်မင်းသမီး ဒိုင်ယာနာအနေနဲ့ ရုပ်ရှင်ကားသစ်တကားမှာ ပါဝင်သရုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီရုပ်ရှင်ကားရဲ့ နာမည်ကိုတော့ Spencer လို့ အမည်ပေးထားခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ကာလတွေက သတင်းစာမျက်နှာတွေပေါ်မှာ မင်းသမီးအနေနဲ့ ဗြိတိန်တော်ဝင်မင်းသား ချားလ်စ်နဲ့ လက်ထပ်ထိမ်းမြားခဲ့တာဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ အမှန်တကယ်သိလာခဲ့တဲ့ အချိန်ကာလတွေကို ရိုက်ကူးပုံဖော်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီကားကိုတော့ အော်စကာ ဆန်ကာတင် နာမည်ကြီးရုပ်ရှင်ကားတွေဖြစ်တဲ့ No၊ Jackie စတဲ့ ရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဒါရိုက်တာ ပါ့ဘလိုလာရိန်းက ရိုက်ကူးပုံဖော်သွားမှာဖြစ်ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ နာမည်ကြီး ရုပ်သံစီးရီးစ် Peaky Blinders ရဲ့ ဇာတ်ညွှန်းရေးဆရာ စတီဗင်နိုက်က တာဝန်ယူသွားမှာလို့ ဟောလိဝုဒ်သတင်းတွေက ဆိုပါတယ်။ ပါ့ဘလိုလာရိန်းကတော့ သရုပ်ဆောင်မင်းသမီး စတီးဝပ်ဟာ “ဒီကနေ့ခေတ်ရဲ့ အတော်ဆုံး သရုပ်ဆောင်တွေထဲက တယောက်ဖြစ်တယ်” လို့ ပြောပါတယ်။ ဒိုင်ယာနာစပင်ဆာဟာ မင်းသား ချားလ်စ်နဲ့ ၁၉၈၁ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ပြီး ၁၉၉၂ ခုနှစ်မှာတော့ ၂ ဦးသား ကင်းရှင်းနေခဲ့ကာ ၁၉၉၆ ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြတာပါ။ အဲဒီနောက် ၁၉၉၇ ခုနှစ်မှာတော့ သူဟာ ပဲရစ်စ်မှာ ကားမတော်တဆမှုနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ခုတခါ ရုပ်ရှင်အနေနဲ့ ဖန်တီးမှုမှာတော့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ Twilight ရုပ်ရှင်စီးရီးစ်တွေမှာ ဘယ်လာဆွမ်းဇာတ်ကောင်နဲ့ အောင်မြင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ပြန်လည်ရိုက်ကူးတဲ့ နာမည်ကြီးရုပ်ရှင် Charlie's Angels မှာ သရုပ်ဆောင်အ ရည်အသွေးပြနိုင်ခဲ့တဲ့ ခရစ္စတင်းစဆတီးဝပ်ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်ငန်းတွေကိုတော့ လာမယ့် ၂၀၂၁ ခုနှစ် အစောပိုင်းလောက်မှာမှ စတင်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
9 months Ago
Up