ဒိုင်လူကြီးကော်မတီ

July 1, 2018

VAR စနစ်က ၁ဝဝ ရာခိုင်နှုန်းနီးပါး မှန်ကန်ကြောင်း ဒိုင်လူကြီးကော်မတီ ဥက္ကဋ္ဌ ပြော

VAR စနစ်က ပြီးပြည့်စုံတာ မဟုတ်ပေမယ့် နီးစပ်မှု ရှိတယ်လို့ ဒိုင်လူကြီးများ ကော်မတီအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ ဒီနှစ် ရုရှားကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့ VAR လို့ခေါ်တဲ့ Video Assitant Referee စနစ်ကို ပထမဆုံး စတင် ကျင့်သုံးခဲ့ပါတယ်။ ဒိုင်လူကြီးများ ကော်မတီ ဥက္ကဋ္ဌ ကိုလီနာကတော့ ဒီစနစ်မှာ မှားတာတွေ ရှိနေပေမယ့် မြင်တဲ့အတိုင်း ၉၉ ဒသမ ၃ ရာခိုင်နှုန်းအထိ မှန်ခဲ့တဲ့အတွက် အရမ်းနီးစပ်ပါတယ်လို့ ပြောပါတယ်။ VAR စနစ်မှာ ဘောလုံးကွင်းထဲက ကွင်းလယ်ဒိုင် ဆုံးဖြတ်တာ မှားတယ်လို့ ယူဆရင် ဗီဒီယိုနဲ့ ပြန်ပြီးကြည့်ဖို့ အကြံပေးနိုင်လို့ ပွဲရလဒ်တွေ ပြောင်းလဲ သွားနိုင်ပါတယ်။ ကိုလီနာကတော့ အုပ်စုပွဲစဉ်ပေါင်း ၄၈ ပွဲမှာ VAR စနစ်သုံးပြီး ၁၇ ကြိမ် ကြည့်ရှု ဆုံးဖြတ်ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင် တဦးခြင်းစီရဲ့ အုပ်စုပွဲစဉ်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်လို့ ပြောဆိုသွားခြင်း မရှိပါဘူး။
3 years Ago
Up