ဒိုက်ဦးမြို့

March 31, 2021

ဒိုက်ဦးမြို့၌ ကျဆုံးသူရဲကောင်း ကိုရှိုင်းထက်အောင်၏ စျာပနကျင်းပ

မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ တာမွေသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုမှာ ကျဆုံးခဲ့ရတဲ့ ကိုရှိုင်းထက်အောင်ရဲ့  စျာပနကို သူ့မွေးရပ်မြေ ဒိုက်ဦးမြို့ မှော်အင်းကျေးရွာမှာ ဒီကနေ့ နေ့လယ်က ကျင်းပပါတယ်။

တောင်ငူနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုရှိုင်းထက်အောင်ဟာ အခင်းဖြစ်တဲ့နေ့က သပိတ်စစ်ကြောင်းနဲ့ လိုက်ပါလာစဉ် အကြမ်းဖက်တပ်ဖွဲ့က  ပစ်လိုက်တဲ့ လက်ပစ်ဗုံးကို  ကောက်ယူ ပြန်ပစ်စဉ် ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။ 

မီဒီယာသမားတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ကိုရှိုင်းထက်အောင်အတွက် သူ့ရဲ့ ရဲဘော်ရဲဘက်တွေက "ကိုရှိုင်းထက်အောင်ရဲ့ သတ္တိနဲ့ရဲဝံ့မှုကို ကျွန်တော်ကျွန်မတို့အားလုံး လေးစားဂုဏ်ပြုပါတယ်။ အာဇာနည်သူရဲကောင်းဆန်စွာ အများပြည်သူကိုကာကွယ်ဖို့ အတွက်အသက်ပေးသွားတဲ့ ကိုရှိုင်းထက်အောင်ကို ကျွန်တော်တို့အမြဲအမှတ်ရနေမှာပါ” လို့ လူမှုကွန်ယက်မှာ ရေးသားခဲ့ကြပါတယ်။

နွေဦးတော်လှန်ရေးအတွင်း ဒိုက်ဦးမြို့နယ်မှာ  ယနေ့အထိ ကျဆုံးသူရဲကောင်း ၃ ဦးရှိပြီဖြစ်ပါတယ်။

photo : C . J

1 month Ago
Up