ဒိုက်ဦးတွင်

April 19, 2017

ဒိုက်ဦးတွင် ဆိုင်ကယ်နှင့်စက်ဘီးတိုက်မိ၊ ၁ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လေးကျွန်းတာဆုံအနီးတွင် ဒီကနေ့ မနက်ပိုင်းကဆိုင်ကယ်နဲ့ စက်ဘီးတိုက်မိလို့ ၁၄ နှစ်ရွယ် လူငယ်တဦး သေဆုံးသွားပါတယ်။ သတင်းအရ ရဲအုပ်သူရဟိန်းနဲ့အဖွဲ့ သွားရောက်စစ်ဆေးရာ မင်းလမ်းအတိုင်း လေးကျွန်းတာဆုံဘက်က ဦးမဲတာဆုံဘက် ဦးတိုး ၇၃ နှစ် စီးနင်းလာတဲ့ စက်ဘီးဟာ လေးကျွန်တာဆုံအရောက် နိုင်လင်းထွန်း ၁၄ နှစ် မောင်းနှင်လာတဲ့ ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ပွတ်တိုက်မိလို့ ဆိုင်ကယ်လဲပြီး လမ်းအလယ်အတားအဆီး အုတ်ခုံနဲ့ ဦးခေါင်း ရိုက်မိတာကြောင့် နိုင်လင်းထွန်း သေဆုံးသွားခဲ့တယ်လို့ ဒိုက်ဦးမြို့ မရဲစခန်းက သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ဒိုက်ဦးမြို့မ ရဲ့စခန်းက နိုင်လင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ-၃၀၄ (က) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
4 years Ago
Up