ဒိန်းမတ်နိုင်ငံ

A d v e r t i s e m e n t With Us

June 8, 2020

ရေးမြို့နယ်အတွက် ဒိန်းမတ်နိုင်ငံက Isolation Gown ဝတ်စုံ ၁၀၀၀ ပေးအပ် 

ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် အစီအစဉ်တစ်ရပ်အနေနဲ့ ဒိန်းမတ်နိုင်ငံက မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ကူညီမှုပေးနေတဲ့ အရပ်ဘက်အဖွဲ့ထံသို့ Isolation Gown တွေ ဒိန်းမတ်သံရုံးကတဆင့် ပံ့ပိုးကူညီ ပါတယ်။ ကျပ်သိန်း ၇၀ တန်ဖိုးရှိတဲ့ အဲဒီ Isolation Gown အစုံ ၁၀၀၀ ကို မွန်ပြည်နယ်အတွင်း ရေးမြို့နယ်တစ်ခုတည်းသာ ရရှိခဲ့တာဖြစ်ပြီး မြို့နယ်အတွင်းရှိ ဆေးရုံတွေနဲ့  ဌာနဆိုင်ရာတွေကို ဇွန်လ ၈ ရက်နေ့က သွားရောက်လှူဒါန်းပေးနေတာပါ။ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ မွန်မှာ ရေးမြို့နယ်တစ်ခုတည်းသာ ပေးပို့ကူညီတာပါ။ အဲဒီရရှိထားတဲ့ အစုံ ၁၀၀၀ ကို ဒီနေ့မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း ဦးဆောင်ပြီးတော့ မြို့နယ်အတွင်းက ဆေးရုံတွေနဲ့ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီကို လိုက်လံလှူ ဒါန်းပေးနေခြင်းပါ'' လို့ ပြောပါတယ်။ အဆိုပါကာကွယ်ရေးဝတ်စုံအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စမ်းသပ်ကုသရေး လုပ်ငန်းတွေမှာ အကျိုးရှိစွာ အသုံးချနိုင်မှာဖြစ်ကြောင်းနဲ့ ဒိန်းမတ်ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါကြောင်း ရေးမြို့ပြည်သူ့ဆေးရုံ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရေးမြို့နယ်အတွင်း အရပ်ဘက်အဖွဲ့များ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ရေးအဖွဲ့အနေနဲ့ မြို့နယ်အတွင်း အများပြည်သူ လှူဒါန်းငွေနဲ့ mask ၂၀၀၀၀ ခန့်၊ PPE အစုံ ၁၀၀၊ လက်အိတ်အစုံ ၇၀၀၀ ကျော်အပါအဝင် ဖျန်းဆေးဂါလံ ၁၀၀ ကျော်ကို မြို့နယ်အတွင်းရှိ ဆေးရုံများ၊ စခန်းများနဲ့ ရပ်ရွာများရှိ အရပ်ဘက်အဖွဲ့တွေထံ ပေးပို့လှူဒါန်းထားပါတယ်။ သတင်း- ဝင်းနိုင်သက်
9 months Ago

December 12, 2019

ဒိန်းမတ်နိုင်ငံတွင် စစ်သွေးကြွ သံသယဖြစ်ဖွယ် လူ ၂၀ ကို ဖမ်းဆီး

ဒိန်းမတ်နိုင်ငံမှာ အစ္စလာမ္မစ်စစ်သွေးကြွတွေ တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သံသယရှိနေလို့ ကြိုတင်နှိမ်နင်းရေးစီမံချက်အတွင်း လူအယောက် ၂၀ လောက်ကို ဒီဇင်ဘာ ၁၁ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဒိန်းမတ်ရဲတပ်ဖွဲ့က ပြောပါတယ်။  နေရာပေါင်း ၂၀ ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး လူတချို့ကိုတော့ ဖောက်ခွဲရေး လက်နက်တွေ စုဆောင်းဖို့ ကြံစည်နေတဲ့ ပြစ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အခုဖမ်းဆီးလိုက်တဲ့ လူတော်တော်များများဟာ တိုက်ခိုက်မှုတရပ်လုပ်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး အစ္စလာမ္မစ်စစ်သွေးကြွလှုံ့ဆော်မှုကြောင့်လို့ ဒိန်းမတ် ထောက်လှမ်းရေးအဖွဲ့ (PET) ရဲ့ စီမံကိန်းအကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။  ဒါ့ကြောင့် ဖမ်းဆီးခံရသူတချို့ကို အကြမ်းဖက်ပြစ်မှုဆိုင်ရာ ကနဦးမေးမြန်း စစ်ဆေးသွားမယ်လို့ ရဲတွေက ပြောပါတယ်။ ဒါပေမယ့် ဖမ်းဆီးခဲ့တဲ့ လူအရေအတွက် အတိအကျကိုတော့ မပြောခဲ့ပါဘူး။ ဟောပြောပွဲ အခမ်းအနားလုပ်နေတဲ့ ယဉ်ကျေးမှုစင်တာအပြင်ဘက်မှာ သေနတ်သမား တယောက် ပစ်ခတ်လို့ နှစ်ယောက် သေပြီး အရာရှိ ၆ ယောက်ဒဏ်ရာရခဲ့တဲ့  ၂၀၁၅ ခုနှစ် နောက်ပိုင်း ဒိန်းမတ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု ကင်းရှင်းခဲ့ပါတယ်။  အဲဒီဖြစ်ရပ်မှာ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ရာကနေ သေနတ်သမားလည်း သေဆုံးခဲ့ တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
1 year Ago
Up