ဒိန်းဒေါင်

February 7, 2018

လူရွှင်တော် ဒိန်းဒေါင်၏သမီး ဒိန်းပိုပိုဒေါင်က ဗေဒင်ဆရာအောင်ချစ်ပိုကို အမှုဖွင့်တရားစွဲ

နာမည်ကျော်လူရွှင်တော် ဒိန်းဒေါင်ရဲ့သမီး ဒိန်းပိုပိုဒေါင်က ဗေဒင်ဆရာအောင်ချစ်ပိုကို ဒီကနေ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရဲစခန်းမှာ ပုဒ်မ၃၅၄ မိန်းမကာယိနြေ္ဒပျက်စေရန် လက်ရောက်ကျူးလွန်မှု၊ ပုဒ်မ ၅၀၆ ရာဇဝတ်မကင်းသော ခြောက်လှန့်မှုတို့နဲ့ အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။ စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားဝင်းအတွင်း ဗေဒင်ဟောခန်းဖွင့်ထားတဲ့ ဗေဒင်ဆရာအောင်ချစ်ပိုရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုပြီး အခုလို အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
4 years Ago
Up