ဒိန်းမတ်နိုင်ငံက

July 1, 2017

ဒိန်းမတ်နိုင်ငံက အဝတ်မဲ့ အပြေးပြိုင်ပွဲ လူရာပေါင်းများစွာ ဆင်နွှဲ

ဒိန်းမတ်နိုင်ငံရဲ့ Roskilde ပွဲတော်လို့ခေါ်တဲ့ နှစ်စဉ် အဝတ်အစားမဲ့ အပြေးပြိုင်ပွဲမှာ လူရာပေါင်းများစွာ အဝတ်အစားတွေ မဝတ်ပဲ ပြေးပွဲပြိုင်ပွဲ ဝင်ခဲ့ကြပါတယ်။ အဝတ်အစား မဝတ်ဆင်ပဲ ပြေးရတာက ပွဲတော်ရဲ့ အဓိကအချက်ဖြစ်ပြီး ဒီပွဲတော်က ၁၉၇၁ ခုနှစ်ကတည်းက စခဲ့တာပါ။ အဲ့ဒီနောက် ပွဲတော်က ဥရောပမှာ အကြီးဆုံးပွဲတော်အဖြစ် ကြီးထွားဖွံ့ဖြိုးလာခဲ့တယ်လို့ သည်ဆန်းရဲ့ ဇွန်လ ၃၀ ရက်နေ့ သတင်းမှာ ရေးထားပါတယ်။ ကိုပင်ဟေဂင်အနောက်ဘက် စခန်းသွင်းနေရာအနီးမှာ အဝတ်အစားမဝတ်ထားတဲ့ ပြေးပွဲပြိုင်ပွဲ ဝင်သူတွေကိုလည်း ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ ဘာမှမဝတ်ထားပေမယ့် အားကစားဖိနပ်တွေကို စီးထားတဲ့ ပြိုင်ပွဲဝင်သူတွေက သူတို့ရဲ့ရင်ဘတ်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတွေပေါ် ပြိုင်ပွဲဝင်နံပါတ်တွေ ရေးသားကာ အားပေးနေတဲ့ လူအုပ်ကြီးရှေ့ လမ်းကြောင်းပေါ်မှာ ပတ်ပြေးခဲ့ကြတာပါ။ ပြိုင်ပွဲဝင်သူ အများစုက ခန္ဓာကိုယ်ပေါ်မှာ ဆေးရောင်တောက်တောက်တွေလည်း ချယ်သထားပါတယ်။ ဒီအဝတ်အစားမဲ့ အပြေးပြိုင်ပွဲကို Roskilde ပွဲတော်မှာ ၁၉၉၉ ခုနှစ်ကတည်းက ကျင်းပခဲ့တာလို့ ချီလီဆော့စ်သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပွဲစတင်စဉ်ကနေ နှစ်စဉ်နှစ်တိုင်း လူ ၃၀ ဝန်းကျင်လောက်က အဝတ်အစားမဲ့ အပြေးပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲလေ့ရှိပြီး ပါဝင်တဲ့သူတွေကို နောက်နှစ်ပွဲတော်အတွက် လက်မှတ် ၂ စောင် အလကားပေးတယ်၊ ဒီအပြေးပြိုင်ပွဲက အပျော်သက်သက် မဟုတ်ဘူးလို့လည်း သိရပါတယ်။ ပထမဦးဆုံး Roskilde ပွဲတော်မှာ စင်မြင့်တခုပေါ် ဂီတတီးဝိုင်း ၂၀ ရဲ့ ဖျော်ဖြေမှုတွေ ပါဝင်ခဲ့ပြီး ဒီကနေ့ ပွဲတော်တွေမှာတော့ ဧက ၂၀၀ ကျယ်ဝန်းတဲ့ မြေပေါ်မှာ စင် ၇ ခု ဆောက်ပြီး လူပေါင်း ၁ သိန်းလောက် စုဝေးကာ ဂီတဖျော်ဖြေ တီးခတ်မှု ၁၆၀ လောက်ကို ကြည့်ရှုကြတယ်လို့ သိရပါတယ်။ ဒီပွဲတော်မှာ ပြဇာတ်တွေနဲ့ ခေါင်းအုပ်ရိုက်ပွဲတွေအပါအဝင် အခြား စိတ်ဝင်စားဖွယ် ဖျော်ဖြေမှုအမျိုးမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
5 years Ago
Up