ဒိန်းမတ်

January 3, 2019

ဒိန်းမတ်တွင် ရထားနှစ်စီး တိုက်မိ၊ လူ ၆ ဦး သေဆုံး

ဒိန်းမတ်နိုင်ငံရှိ Great Belt တံတားပေါ်မှာ ဇန်နဝါရီ ၂ ရက်နေ့က ရထားမတော်တဆမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ရထားလိုင်း အော်ပရေတာ DSB က ပြောပါတယ်။ အဲဒီတံတားဟာ ဒိန်းမတ်ရဲ့ အဓိကကျွန်းကြီးနှစ်ခုဖြစ်တဲ့ ဇီလန်ကျွန်းနဲ့ ဖွန်းကျွန်းတို့ကို ဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။ မြို့တော် ကိုပေဟေဂင်ဆီသွားတဲ့ ခရီးသည်တင်ရထားကို ကုန်ရထားပေါ်က ပစ္စည်းတွေ တိုက်ခိုက်မိတာ ဖြစ်ပါတယ်။ ပြင်းထန်တဲ့ မုန်တိုင်းဝင်နေတာမို့ ရထားမတော်တဆမှုဖြစ်တဲ့ နေရာကို အရေးပေါ် အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ရာမှာ အခက်အခဲ ရှိနေပါတယ်။ ရထားရော မော်တော်ယာဉ်ပါ  ဖြတ်သန်းတဲ့ အဲဒီတံတားကို ပိတ်ထားတယ်လို့ ရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
3 years Ago

September 10, 2018

နေးရှင်းလိဂ် ဒိန်းမတ် ၂-၀ ဝေးလ် (ရုပ်သံဟိုက်လိုက်)

ရှင်းလိဂ် အုပ်စု (H) ပွဲစဉ်မှာ ဒိန်းမတ်က ၂ ဂိုး ဂိုးမရှိနဲ့ ဝေးလ်အသင်းကို အနိုင်ရသွားပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ်ယှဉ်ပြိုင်သွားပါတယ်။ ဒိန်းမတ် အတွက် ဦးဆောင်ဂိုးကို ၃၂ မိနစ်မှာ အဲရစ်ဆန်က သွင်းယူပါတယ်။ ဝေးလ်အသင်းဟာ ပထမပွဲစဉ်တုန်းက အိုင်ယာလန်ကို အနိုင်ရထားပါတယ်။ ဒိန်းမတ်က အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ခြေအသာနဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ဂိုးပေါက် ကန်သွင်းခွင့် ၆ ကြိမ်ရပြီး ဝေးလ်က ၁ ကြိမ်ပဲ ရခဲ့ပါတယ်။ ဒိန်းမတ်အတွက် ဒုတိယဂိုးကိုလည်း အဲရစ်ဆန်ကပဲ ၆၃ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒီပွဲမှာ စပါးကစားသမား အဲရစ်ဆန် ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ လောလောဆယ် အုပ်စုတွင်းမှာ ဒိန်းမတ်က ၁ ပွဲကစား ၃ မှတ်နဲ့ ဦးဆောင်နေပြီး ဝေးလ်က ၂ ပွဲကစား ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အိုင်ယာလန်က ၁ ပွဲကစား ရမှတ် မရှိသေးဘဲ ဇယားအောက်ဆုံးမှာ ရပ်တည် နေပါတယ်။
3 years Ago
More News
Up