ဒါလော့

May 30, 2018

ပေါ်တိုနောက်ခံလူ ဒါလော့ကို မန်ယူ ခေါ်နိုင်ရန် နီးစပ်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ်တိုနောက်ခံလူ ဒီယေဂို ဒါလော့ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ပေါ်တူဂီ ညာနောက်ခံကစားသမား ဒါလော့ကို မန်ယူအသင်းက အသင်းခေါင်းဆောင် ဗလင်စီယာရဲ့နေရာမှာ အစားထိုးဖို့ ဆန္ဒရှိနေတာပါ။ ပေါ်တူဂီ ယူ-၂၁ လက်ရွေးစင်တဦးဖြစ်တဲ့ ဒါလော့ကို ခေါ်ယူဖို့ဆိုရင် လျော်ကြေး ပေါင် ၁၇ သန်း ပေးချရနိုင်ပြီး ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ ပေါ်တိုအသင်းနဲ့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ အသက်အရွယ်ရလာတဲ့ ဗလင်စီယာရဲ့နေရာမှာ ရေရှည်အသုံးပြုနိုင်ဖို့အတွက် လူငယ်ကစားသမားတွေကို ချိတ်ဆက်နေတာပါ။ အက်သလက်တီကို နောက်ခံလူ ဗာဆယ်ကိုနဲ့ ဗလင်စီယာနောက်ခံလူ ဂျာအိုကန်ဆယ်လိုတို့ကို ချိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒီယေဂို ဒါလော့ကို ခေါ်ယူဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။
3 years Ago
Up