ဒါလီယန်

January 24, 2021

ကိုဗစ်ကြောင့် တရုတ်ကလပ်ဒါလီယန်မှ နည်းပြဘင်နီတက်ဇ် နုတ်ထွက်

စပိန်နည်းပြ ရာဖေးဘင်နီတက်ဇ်ဟာ ကိုဗစ်-၁၉ အခြေအနေကြောင့် တရုတ်ကလပ် ဒါလီယန်အသင်းကနေ နုတ်ထွက်သွားပါတယ်။  လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဖြစ်သူ ဘင်နီတက်ဇ်ဟာ ၂၀၁၉ ခုနှစ်က နယူးကာဆယ်ကနေ တရုတ်ကလပ် ဒါလီယန်အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။  ဘင်နီတက်ဇ်ဟာ တစ်နှစ်လုပ်ခ ဒေါ်လာ ၁၆ သန်းခန့်ရရှိနေပေမယ့် ကိုဗစ်-၁၉ အခြေအနေမှာ ကောင်းမွန်စွာ လေ့ကျင့်ပြင်ဆင်နိုင်ခြင်းမရှိတဲ့အတွက် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက် တာလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ကံမကောင်းစွာနဲ့ ဒီနှစ်ပိုင်းမှာ ကိုဗစ်-၁၉ က ဖြစ်လာတော့  ကျနော်တို့ရဲ့နေထိုင်မှုတွေနဲ့  စီမံကိန်းတွေလည်း ပြောင်းလဲခဲ့ရတယ်။ ကပ်ရောဂါက ဒီမှာရှိနေပါသေးတယ်။ ကျနော်တို့အားလုံးအတွက် ကျနော်တို့ မိသားစုအတွက်က အဓိကဦးစားပေးဖြစ်တဲ့အတွက် ဒီအချက်က နုတ်ထွက်ဖို့ဆုံးဖြတ်ဖြစ်ခဲ့တာပါ” လို့ ဘင်နီတက်ဇ်က ပြောပါတယ်။  နုတ် ထွက်ခဲ့ပေမယ့် အသင်းတည်ဆောက်ပုံနဲ့ နည်းပညာတွေကို ချန်ထားခဲ့တဲ့အတွက် ဆက်လက်လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဘင်နီတက်ဇ်က ပြောပါတယ်။ 
9 months Ago
Up