ဒါလက်စ်မြို့

October 21, 2019

ဒါလက်စ်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်၊ အဆောက်အဦ ၁ သိန်းခန့် မီးပြတ်တောက်

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါလက်စ်မြို့မြောက်ပိုင်းတလျှောက် အောက်တိုဘာ ၂၀ ရက်နေ့ ညပိုင်းက လေဆင်နှာမောင်းတခု ဝင်ရောက်မွှေနှောက်ခဲ့တာကြောင့် နေအိမ်နဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁ သိန်းကျော်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါတယ်။  ဒါ့အပြင် ဒေသတွင်း လေကြောင်းခရီးစဉ်တွေလည်း နှောင့်နှေးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  လေဆင်နှာမောင်း ဝင်ရောက်ခဲ့တဲ့ မိုင်ချီတဲ့ လမ်းကြောင်းတလျှောက်မှာ အပျက်အစီးတွေ စုပုံနေပြီး ဒါလက်စ်မြို့မြောက်ပိုင်းက love Field လေဆိပ်နားကိုလည်း ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာနရဲ့ မိုးလေဝသ ခန့်မှန်းရေး စင်တာက အောက်တိုဘာ ၂၁ ရက်နေ့ မနက် အစောပိုင်းမှာ ပြောပါတယ်။  လက်ရှိမှာတော့ လေဆင်နှာမောင်းနဲ့ ရုတ်တရက်ရေကြီးနိုင်တဲ့ ရာသီဥတု သတိပေးချက်အားလုံးကို ဖယ်ရှားလိုက်တယ်လို့လည်း အဲဒီစင်တာက ပြောပါတယ်။  သေဆုံးဒဏ်ရာရသူ သတင်းတွေ လက်ရှိအချိန်ထိ မရှိသေးပေမယ့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်သမားတွေဟာ နေအိမ်တွေကို လှည့်လည်စစ်ဆေးနေကြတယ်လို့ Dallas Morning News သတင်းစာက ဖော်ပြပါတယ်။
2 years Ago
Up