ဒါမီယန်

May 4, 2020

ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရက်ရှ်ဖို့ဒ် ရယူနိုင်ဟု ဒါမီယန် ခန့်မှန်

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရယူနိုင်စွမ်းရှိသူလို့ အသင်းဖော်ဟောင်း ဒါမီယန်က ချီးကျူးလိုက်ပါတယ်။  အီတလီနောက်ခံလူ ဒါမီယန်ဟာ ၂၀၁၅ ခုနှစ်ကနေ ပြီးခဲ့နှစ်အထိ မန်ယူအသင်းမှာ ကစား ခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ်ကမှ အီတလီကလပ် ပါးမားအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒါမီယန်ကတော့ အသင်းဟောင်းက တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ချီးကျူးခဲ့တာပါ။  ရက်ရှ်ဖို့ဒ်ဟာ ထူးခြားတဲ့ကစားသမားဖြစ်ပြီး သူ့ရဲ့အသက်အရွယ်နဲ့ အရာအားလုံးနီးပါး လုပ်ဆောင်နိုင်တာက သဘောကျတဲ့အချက်ဖြစ်တယ်လို့ ဒါမီယန်က ပြောပါတယ်။ လက်ရှိကြိုးစားမှုအတိုင်းသာဆက်ပြီး လုပ်ဆောင်မယ်ဆိုရင် ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေရဲ့ အဆင့်အတန်းကို ရောက်နိုင်သလို ကမ္ဘာ့အကောင်းဆုံးဆုဖြစ်တဲ့ ဘလွန်းဒီအော ဆုကိုလည်း ရယူနိုင်လိမ့်မယ်လို့ ဒါမီယန်ကပြောပါတယ်။  ရက်ရှ်ဖို့ဒ်ဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ၂၂ပွဲ ကစားပြီး ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဖော်ဟောင်း ပေါ့ဘာနဲ့ ပတ်သက်ပြီးလည်း ဒါမီယန်က ကာကွယ်သွားခဲ့ပြီး ပေါ့ဘာဟာ အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားလေ့ရှိသူဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ ပါတယ်။ 
11 months Ago
Up