ဒါဘီအသင်းနဲ့ ဇန်န၀ါရီ ၂၉ ရက်ညမှာ ယှဉ်ပြိုင်မယ့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ရှုံးခဲ့ရင် အသင်းကနေ ၄ ကြိမ်မြောက်အဖြစ် အထုတ်ခံရနိုင်တယ်လို့ နည်းပြ လူးဝစ် ဗန်ဂါးက ပြောပါတယ်။
မီဒီယာတွေနဲ့ အကဲခတ်တွေရဲ့ ခန့်မှန်းချက်တွေအရ သူဟာ ဒီနှစ်ရာသီထဲမှာ ၃ ကြိမ်အထိ အထုတ်ခံခဲ့ရပြီးပြီလို့လည်း မန်ယူနည်းပြက ဆိုထားပါတယ်။
အသက် ၆၄ နှစ်အရွယ် ဒတ်ခ်ျနည်းပြဟာ ဆောက်သမ်တန်ကို ပြီးခဲ့တဲ့အပတ်ရှုံးတဲ့ ပွဲအပြီးမှာ အသင်းကနေ ထွက်ခွာဖို့ ခွင့်တောင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မန်ယူအသင်းဘက်ကတော့ ငြင်းဆိုထားပါတယ်။
မန်ယူအသင်းဟာ ဒီနှစ် ရာသီထဲမှာ ရလဒ်တွေ ဆိုးဝါးနေလို့ နည်းပြလည်း ဖိအောက်တွေအောက် ကျရောက်နေပါတယ်။
လောလောဆယ်မှာ မန်ယူဟာ အမှတ်ပေးဇယားထိပ်က လက်ဆက်စတာအသင်းရဲ့ နောက် ၁၀ မှတ်အကွာနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
7 years Ago