ဒါဘီကောင်တီ

February 17, 2019

ဘရိုက်တန်က ဒါဘီကောင်တီကို ၂-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ ပရီမီးယားလိဂ်ကလပ် ဘရိုက်တန်က ချန်ပီယံရှစ်တန်းက ဒါဘီ ကောင်တီကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဘရိုင်တန်က အိမ်ကွင်းမှာ ထိုးဖောက်ကန်သွင်းခွင့်အကြိမ်ရေ ၈ ကြိမ်အထိ ရခဲ့ပြီး ဒါဘီက ၃ ကြိမ် ရခဲ့ပါတယ်။ ဘရိုက်တန်အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို ပထမပိုင်းမှာပဲ သွင်းယူတာပါ။ ဒါဘီအတွက် ချေပဂိုး ၁ ဂိုးကို အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း အက်ရှ်လေ ကိုးလ်က ၈၁ မိနစ်မှာ သွင်းယူပါတယ်။ ဒီဂိုးဟာ နောက်တန်းသမား ကိုးလ်အတွက် အင်္ဂလိပ်ဘောလုံးလောကနဲ့ ၆ နှစ်ခွဲကြာ ဝေးကွာအပြီးမှာ ပထမဆုံးသွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ အက်ဖ်အေဖလား တခြားပွဲစဉ်တွေမှာတော့ မန်စီးတီးက နယူးပို့ကောင်တီအသင်းကို ၄-၁ ဂိုး၊ မီဝေါက ၀င်ဘယ်လ်ဒန်အသင်းကို ၁-၀ ဂိုးတို့နဲ့ အသီးသီး အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
3 years Ago

September 26, 2018

မန်ယူအသင်းအား အနိုင်ကစားခဲ့သည့် အသင်းသားများကို ဖရန့်လမ်းပတ် ချီးကျူး

နည်းပြမော်ရင်ဟိုနဲ့ မန်ယူအသင်းကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အသင်းကစားသမားတွေရဲ့ စွမ်းဆောင်မူကို နည်းပြ ဖရန့်လမ်းပတ်က ချီးကျူးပြောကြားလိုက်ပါတယ်။ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းဟာ လိဂ်ရူံးထွက်ဖလားပွဲစဉ်မှာ မန်ယူအသင်းကို အဝေးကွင်းမှာ ၂ ဂိုးစီ သရေကစားပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ၈ ဂိုး ၇ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ မော်ရင်ဟိုလို ထိပ်တန်းနည်းပြနဲ့ ကမ္ဘာ့အဆင့်ကစာသမားတွေရှိတဲ့ အသင်းကို သူတို့အိမ်ကွင်းမှာ အနိုင်ယူခဲ့တာဟာ ပြောမပြတက်လောက်တဲ့ ခံစားမူဖြစ်စေပြီး ကစာသမားတွေရဲ့ စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီး မိမိကစားချင်တဲ့ပုံစံ အတိုင် ကစားနိုင်ခဲ့ကြတယ်လို့ လမ်းပတ်ကပြောပါတယ်။ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ဟာ ပြီးခဲ့တဲ့ သုံးလကမှ နည်းပြအဖြစ် စတင်ခဲ့ပြီး ဒါဘီနည်းပြရာထူးကို တာဝန်ယူခဲ့တာပါ။ ဒါဘီအသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဘော်တန်အသင်းနဲ့ကစားရဖို့ရှိပြီး အခုခြေစွမ်းကို ဆက်ထိန်းဖို့လည်း လမ်းပတ်ကတိုက်တွန်းခဲ့ပါတယ်။  
3 years Ago

မန်ယူက ဒါဘီကောင်တီကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့် (ရုပ်သံ)

ဒီနေ့ မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘာအိုဖလားပြိုင်ပွဲ စတုတ္ထအဆင့်မှာ အသင်းကြီး မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ ဒါဘီကောင်တီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါဘီကောင်တီအသင်းကို ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ် ကိုင်တွယ်နေတာ ဖြစ်ပြီး ဒီပွဲဟာ ဆရာနဲ့တပည့် ပြန်လည်တွေ့ဆုံတဲ့ပွဲဖြစ်လို့ ပရိသတ်စိတ်ဝင်စားတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပထမပိုင်း ပွဲစပြီး ၃ မိနစ်မှာ မန်ယူအသင်းအတွက် မာတာက ဦးဆောင်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ဒါဘီအသင်းအတွက် ချေပဂိုးကို ဒုတိယပိုင်း ၅၉ မိနစ်မှာ ဟယ်ရီ ၀ီလ်ဆင်က သွင်းယူခဲ့တာပါတယ်။ မန်ယူအသင်း ဂိုးသမား ဆာဂျီရို ရိုမီအို ပွဲချိန် ၆၇ မိနစ်မှာ ဂိုးစည်းအပြင်ဘက် ဘောလုံးတားဆီးရာမှာ လက်နဲ့ထိခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ ဒါဘီကောင်တီအတွက် ဒုတိယဂိုးကို ပွဲချိန် ၈၆ မိနစ်မှာ ဂျက်ခ် မာရီအောက်က ဖရီးကစ်ကနေ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ ဖလိုင်နီက နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တာပါ။ မန်ယူနဲ့ အင်္ဂလန်လိဂ် ချန်ပီယံရှစ်ကလပ်အသင်းက ဒါဘီကောင်တီအသင်းဟာ ပွဲချိန်ပြီးဆုံးချိန်အထိ တဖက် ၂ ဂိုးစီ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရတာလည်း ဖြစ်ပါတယ်။ ပင်နယ်အဆုံးအဖြတ်ခံရယူရာမှာ ဒါဘီအသင်းက ၈-၇ ဂိုးနဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ မန်ယူအသင်းအတွက် နောက်ခံလူ ဖီးလ်ဂျုံးကန်သွင်းတဲ့ ပင်နယ်တီကို ဒါဘီဂိုးသမား ဖမ်းယူနိုင်ခဲ့တာပါ။ ကာရာဘာအိုဖလားပြိုင်ပွဲ တခြားပွဲစဉ်တခုမှာတော့ အသင်းကြီး မန်ချက်စတာစီးတီးအသင်းက အဝေးကွင်းမှာ အောက်ဖို့ဒ် ယူနိုက်တက်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
3 years Ago
Up