ဒါဘီအသင်း

January 13, 2019

ဒါဘီအသင်း လေ့ကျင့်ခန်းဆင်းချိန် လိဒ်စ်အသင်း လာချောင်းမြောင်းဟု လမ်းပတ်ပြော

ဒါဘီအသင်း လေ့ကျင့်ခန်းဆင်းနေတဲ့အချိန်မှာ လိဒ်စ်အသင်းဟာ ၂ ကြိမ်တိုင်တိုင် လာရောက်ချောင်းမြောင်း ထောက်လှမ်းခဲ့တယ်လို့ အသင်းရဲ့နည်းပြ ဖရန့်ခ်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်က ဒါဘီကောင်တီအသင်းရဲ့ လေ့ကျင့်ရေးကွင်းနားက ခြုံပုပ်ထဲမှာ ချောင်းမြောင်းနေတဲ့ သူတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့နောက်မှာ နည်းပြလမ်းပတ်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါဘီအသင်းဟာ အခုရာသီချန်ပီယံရှစ်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းကို နှစ်ကျော့စလုံး ရှုံးနိမ့်ထားပြီး ပထမအကျော့မှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားသလို ဒုတိယအကျော့မှာတော့ ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ ချောင်းမြောင်းထောက်လှမ်းခဲ့တာနဲ့ ပတ်သက်လို့ လိဒ်စ်အသင်းရဲ့နည်းပြ မာဆယ်လို ဘိုင်လ်ဆာက တာဝန်ယူကြောင်း ပြောကြားထားခဲ့ပြီးတော့ အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို ခံယူသွားမယ်လို့ သိရပါတယ်။ ဒါဘီအသင်းကတော့ အရေးယူမှုပြုလုပ်ဖို့ တိုက်တွန်းသွားမှာမဟုတ်ဘဲ အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားဖို့ ရှိနေပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းဟာ လက်တလော ချန်ပီယံရှစ်မှာ ဦးဆောင်နေပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို တကျော့ပြန်တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
2 years Ago
Up