“ဒါပေမယ့်… ချစ်တယ်”

A d v e r t i s e m e n t With Us

June 4, 2020

မြန်မာအိုင်ဒေါတေးသံရှင် ပိုးမီ ကိုယ်တိုင်ရေး/ဆိုသီချင်း-“ဒါပေမယ့်… ချစ်တယ်”(ရုပ်သံ)

       နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်‌ဒေါသီချင်းဆိုပြိုင်ပွဲစင်မြင့်ထက် က ဂီတအနုပညာလျှောက်လမ်းပေါ် ရောက်လာခဲ့တဲ့ အဆိုတော် ပိုးမီရဲ့ သီချင်းတပုဒ် ထွက်ရှိလာခဲ့ပါတယ်။        “ဒါပေမယ့်… ချစ်တယ်”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ပိုမီးက ကိုယ် တိုင်ရေးစပ်ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။        “အရင်လိုမျိုး မတွေ့ဖြစ်တော့ပေမယ့်… ရင်မှာ မင်းအမြဲရှိနေတယ်… တိုက်ဆိုင်မှု တွေရှိတိုင်း… ငါအမြဲတမ်း လွမ်းဖြစ်တယ်… အရင်လိုမျိုး စကားမပြောဖြစ်ပေမယ့်… မင်းရဲ့ သတင်းတွေ နားစွင့်ဆဲ… သံယောဇဉ်လက်ကျန်တွေနဲ့… ငါ သတိရမိနေတယ်”        အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပိုးမီဟာ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲ Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုရရှိခဲ့တဲ့ သားငယ်၊ ဘီလီလမင်းအေး တို့နဲ့အတူ Top 3 အဆင့်ထိ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။        ပြိုင်ပွဲပြီးဆုံးသွားခဲ့ချိန်မှာလည်း ပိုးမီကို အားပေးတဲ့ ပရိသတ်တွေ ရှိနေခဲ့ကြပြီး သူ့ရဲ့ ကိုယ်ပိုင်သီချင်းတပုဒ်ဖြစ်တဲ့ “အလိုက်တသိ”သီချင်းနဲ့ လူသိများလာခဲ့ပါတယ်။        အဲဒီနောက်မှာတော့ ပိုးမီက “နောက်ထပ်… တစ်ယောက်မရှိ”အမည်တဲ့ တကိုယ် တော် တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ “နင်ကံကောင်းပါတယ်… အဆင်ပြေတယ်လို့ ကြားပါတယ်… ချစ်ရမယ့်သူ အ သစ်နဲ့ ပျော်နေမှာလည်း သိပါတယ်… ငါ မေ့ပစ်ရတော့မယ်… မေ့ပစ်ဖို့ ကြိုးစားနေတယ် … ဒါပေမယ့်လည်း လွမ်းနေဆဲ… သေရာပါမယ့် အလွမ်းတွေနဲ့… ငါမုန်းပစ်ရတော့မယ် … ငါမုန်းပစ်ဖို့ ကြိုးစားနေတယ်… ဒါပေမယ့်လည်း ချစ်နေဆဲ… နာကျင်နေလည်း တမ်း တဆဲ… ပစ်ထားခဲ့ရက်သူရယ်” ခုလတ်တလောထွက်ရှိလာတဲ့ သီချင်းကိုတော့ ဇာတ်လမ်းစတိုရီပုံစံ ရိုက်ကူးထား တာဖြစ်ပြီး leo နဲ့ Halina တို့က ပါဝင်သရုပ်ဆောင်ထားပေးခဲ့ကြတာ ဖြစ်ပါတယ်။
9 months Ago
Up