ဒါဇင်နှင့်ချီသည့် ပင်လယ်ဖျံများ ရိန်းနီးယားမြို့ ဆိပ်ကမ်းတွင် လာရောက်နေထိုင် (ရုပ်သံ)

February 27, 2016

ဒါဇင်နှင့်ချီသည့် ပင်လယ်ဖျံများ ရိန်းနီးယားမြို့ ဆိပ်ကမ်းတွင် လာရောက်နေထိုင် (ရုပ်သံ)

ဒါဇင်နဲ့ချီတဲ့ ပင်လယ်ဖျံတွေ အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် ရိန်းနီးယားမြို့က ဆိပ်ကမ်းမှာ လာနေတာကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွေ့ရတယ်လို့ NBC ရုပ်သံက အစီရင်ခံပါတယ်။ ဒါဟာ ဖြစ်နေကျ မဟုတ်လို့ ဒေသတွင်း လူစိတ်ဝင်စားမှု ရခဲ့တာပါ။ ပင်လယ်ပျော် နို့တိုက်သတ္တဝါတွေဟာ ဒေသတွင်း ငါးသေးသေးလေးတွေ ပြန်ပေါ်လာခဲ့အပြီးမှာ ကိုလံဘီယာမြစ်ရှိရာ မြို့လေးရဲ့ဆိပ်ကမ်းတွေပေါ် လာနေခဲ့ကြတာလို့ ဒေသခံ မီဒီယာက ပြောပါတယ်။ မြို့တော်ဝန်က ပင်လယ်ဖျံတွေကို ပြည်သူတွေ စိတ်ဝင်စားကြတယ်လို့ ဝန်ခံ ပြောဆိုပါတယ်။ ဒါ့အပြင် ပင်လယ်ဖျံတွေကြောင့် ဆိပ်ကမ်းပျက်စီးမှုက ဒေါ်လာ ၂ သောင်းခွဲဖိုးလောက် ရှိနေပြီလို့လည်း ပြောပါတယ်။ ချီနွတ်ခ် ဆယ်လ်မွန်ငါးတွေ သွားလာမှု အမြင့်ဆုံး ရာသီဖြစ်တဲ့ ဧပြီ အစောပိုင်းကနေ မေလ နှောင်းပိုင်းမှာ ပင်လယ်ဖျံတွေ အမြူးဆုံး ဖြစ်ပါတယ်။
6 years Ago
Up