အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၂၀ ဟာ ဇန်နဝါရီ ၂၁ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာကို ရောက်လာပါတယ်။
အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေးတွေဟာ မနက် ၁၁ နာရီ ဝန်းကျင်က လေကြောင်းကနေ ဒါကာလေဆိပ်ကို ရောက်လာတယ်လို့ လေဆိပ်ညွှန်မှူးက အတည်ပြု ပြောဆိုပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယရဲ့ ဆာရမ်အင်စတီကျူ့ကနေ နောက်ထပ် အက်စ်ထရာဇန်နက်ကာ ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ကို မှာယူထားပါတယ်။
ကိုဗစ်ကာကွယ်ဆေးကို သီတင်းတစ်ပတ်ကြာစမ်းသပ်ထိုးနှံပြီးနောက်မှာ လာမယ့် ဖေဖော်ဝါရီ ၈ ရက်ကစလို့ တစ်နိုင်ငံလုံး ထိုးနှံပေးသွားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက စီစဉ်ထား တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
1 month Ago