ဒလမြို့နယ်အသင်း

May 17, 2019

အသက် ၁၀ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲတွင် ဒလမြို့နယ်အသင်း ဗိုလ်စွဲ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (အမ်အက်ဖ်အက်ဖ်) က ကျင်းပတဲ့ အသက် ၁၀ နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို မေလ ၁၆ ရက်က ကျင်းပရာ ဒလမြို့နယ်က လှိုင်မြို့နယ်အသင်းကို အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။ ဒီပြိုင်ပွဲကို AFC Grassroots Football Day  အထိမ်းအမှတ် MFF U-10, 5V5 Grassroots Tournament 2019 (Yangon Region) ဘောလုံးပွဲတော်အနေနဲ့ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်းမှာ ကျင်းပခဲ့တာလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ ဒလမြို့နယ်အသင်းနဲ့ လှိုင်မြို့နယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး သာမန်ပွဲကစားချိန်မှာ တဖက်တဂိုးစီ သရေကျခဲ့တာကြောင့် ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းခဲ့ရာ ဒလမြို့နယ်အသင်းက အနိုင်ရသွားတာပါ။ MFF U-10, 5V5 Grassroots Tournament 2019 (Yangon Region) ဘောလုံးပွဲတော်ကို မေ ၁၅ နဲ့ ၁၆ ရက်၊ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၄ မြို့နယ်က အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာ ပထမဆုအဖြစ် ဒလမြို့နယ်အသင်း၊ ဒုတိယ လှိုင်မြို့နယ်အသင်း၊ တတိယ ရွှေပြည်သာအသင်း၊ စတုတ္ထ ကော့မှူးမြို့နယ်အသင်းတို့က အသီးသီး ဆွတ်ခူး ရရှိသွားပါတယ်။
2 years Ago
Up