ဒလန်ရှင်းလင်းရေးအဖွဲ့

September 12, 2021

ရွှေပြည်သာက ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဒလန်ရှင်းလင်းရေးအဖွဲ့က သတိပေးစာပေးပို့

စစ်ကောင်စီလက်အောက်ခံအဖြစ်က နုတ်ထွက်ဖို့ ရွှေပြည်သာ မြို့နယ် အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းခိုင်အား ဒလန်ရှင်းလင်းရေး အဖွဲ့တစ်ခုက သတိပေးစာတစ်စောင် စက်တင်ဘာ ၁၂ ရက်က ပေးပို့ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

     သတိပေးစာမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးတည်မြဲစေဖို့ (တနည်းအားဖြင့်) ကူညီနေမှုအား အမြန်ဆုံးရပ်တန့်ပြီး ပြည်သူနဲ့ အမြန်ပူးပေါင်းပါ၊ လိုက်နာခြင်းမရှိပါက သင်တို့နဲ့ သင်တို့ မိသားစုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တာဝန်မယူပါလို့ သတိပေးစာမှာ ဖော်ပြထားပါတယ်။

1 month Ago
Up