ဒလန်

November 9, 2021

မော်ကျွန်းတွင် ပျူစောထီးတစ်ဦး ပစ်ခတ်ခံရ

ဧရာဝတီတိုင်း မော်ကျွန်းမြို့ ၅ လမ်းနဲ့ ၆ လမ်းထိပ်မှာ နို၀င်ဘာ ၈ ရက်​​နေ့ည ၈ နာရီ ၄၅ မိနစ်လောက်က ဒလန်ပျူစောထီး ကျော်တင့်ဦးဆိုသူ သေနတ်ပစ်ခံရတယ်လို့ သိရပါတယ်။

မော်ကျွန်းနဲ့ ဝါးခယ်မမြို့ပြ ပြောက်ကျားပူးပေါင်း ဧရာဝတီလင်းပိုင်အဖွဲ့က မော်ကျွန်းမြို့အကြီးဆုံး ဒလန်ကျော်တင့်ဦးအား သတိပေးပစ်ခတ်ခဲ့တာဖြစ်ပြီး မြို့နေပြည်သူတွေကို ဒုက္ခပေးနေပါက အသေပစ်သတ်သွားမယ်လို့ ပူး​ပေါင်းအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှုးတွေ၊ ပျူစောထီး သတင်းပေး ဒလန်တွေအားလုံး စစ်ကောင်စီ နဲ့ ဆက်လက်လုပ်ကိုင်နေပါက အပြီးတိုင် သုတ်သင်ရှင်းလင်းသွားမယ်လို့ ဧရာဝတီလင်းပိုင်အဖွဲ့က​ပြောပါတယ်။

မော်ကျွန်းမြို့မှာလည်း ဒလန်​ကျော်တင့်ဦးဟာ လူမှုကွန်ရက်စာမျက်နှာကနေ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ပြောဆိုနေသူဖြစ်တယ်လို့  မြို့ခံတစ်ဦးက ​ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက သေနတ်တွေ ပစ်ဖောက်ပြီး အပြစ်မဲ့ပြည်သူတွေကို ခြိမ်းခြောက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 weeks Ago

November 2, 2021

လှိုင်သာယာက နာမည်ကြီးဒလန်တစ်ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ထဲက ပျူစောထီးအဖွဲ့ဝင် နာမည်ကြီး ဒလန်ညီအစ်ကိုနှစ်ဦးအနက် တစ်ဦး နိုဝင်ဘာ ၁ ရက် ည  ၇ နာရီလောက်က ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ရပ်ကွက်ထဲက နာမည်ကြီး ဒလန်ညီနောင်ထဲက အကြီးကောင် ရဲဝင်းထွန်း အသတ်ခံရတာ။ အငယ်ကောင်က ပိုဆိုးတယ်။ အကြီးနဲ့အငယ်က ရုပ်ချင်းလည်း ဆင်တယ်။ အခုအသတ်ခံရတာ ရဲဝင်းထွန်း၊ သေနတ် ၄ ချက်မှန်ပြီး သေသွားတာ" လို့ ပြောပါတယ်။

၁၉ ရပ်ကွက် ချစ်ကြည်ရေးလမ်းနဲ့ ပေါင်းကူးလမ်းထောင့်မှာ ကွမ်းယာရောင်းတဲ့ နာမည်ကြီးဒလန် ပျူစောထိးအဖွဲ့ဝင် ရဲဝင်းထွန်းကို လှိုင်သာယာ ဒလန်ရှင်းလင်းရေးအဖွဲ့က ပစ်သတ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

4 weeks Ago

ပုလဲတွင် စစ်ကောင်စီတပ်နှင့် PDF အဖွဲ့ တိုက်ပွဲဖြစ်၊ ဘုတလင်က ဒလန်တစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပုလဲပြည်သူကာကွယ်ရေးတပ် (ပုံတောင်နဂါးတပ်) တို့ နွယ်ရှောက်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁ ရက်နေ့ ည ၁၂ နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“မနေ့ညက ကျနော်တို့ ပုံတောင်နဂါး အထူးတပ်နဲ့ဖြစ်တာဗျ။ နွယ်ရှောက်က စစ်ကောင်စီ သတင်းပေးဒလန်ကို ရွာသား‌နှစ်ယောက်က ဆဲဆိုတာကြောင့် အဲဒလန်က ပုလဲရဲစခန်းက ရဲနဲ့ စစ်သားကိုခေါ်တယ်။ အဲဒီရွာအသွားကို ကျနော်တို့ တိုက်ပွဲမဖြစ်သေးဘူး။ အဲရွာကအပြန်မှာ ကျနော်တို့ အထူးတပ်နဲ့ဖြစ်တာ။ သူတို့ဘက်က မြို့နယ်မှူးအဆင့်ရှိသူနဲ့ တပ်သား အများအပြားထိခိုက် ဒဏ်ရာရှိတာတွေရှိတယ်လို့ ကြားရတယ်ဗျ။ ကျနော်တို့ဘက်ကတစ်ယောက် ပျောက်ဆုံးနေသေးတယ်။ သေသလား၊ ရှင်သလား အတည်ပြုလို့ မရသေးဘူး။ လက်ရှိအချိန်အထိ ကျနော်တို့ ရှာဖွေနေဆဲဖြစ်တယ်” လို့ ပုလဲပြည်သူကာကွယ်ရေးတပ်က ဗိုလ်နဂါးက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ Double-Cubကား တစ်စီး ပျက်စီးခဲ့သလို စစ်ကောင်စီဘက်က အများအပြား ကျဆုံးတာတွေလည်း ရှိတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ်၊ မောင်းထောင်ကျေးရွာမှာလည်း ဒလန်ဆိုပြီး အမည်ကျော်ကြားသူတစ်ဦး နိုဝင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီလောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အိမ်ထဲဝင်ပစ်ခဲ့တာဗျ၊ သေနတ် ၆ ချက်ပစ်ခဲ့တယ်ပေါ့။ ဘာကြောင်ပစ်ခဲရတာလဲဆိုတော့ ဒီကောင်က ကျနော်တို့ PDF ကလေးတွေ စစ်ကောင်စီလာတဲ့လမ်းကို မိုင်းထောင်ရာမှာ ကလေးတွေကို ကြိမ်းမောင်းပြီး စစ်ကောင်စီကိုခေါ်ပြီး မှိုင်းတွေ ဖြုတ်ခိုင်တာတွေလုပ်ခဲ့တယ်။ နောက်ပြီး ‌ကျေးရွာအတွင်းက နိုင်ငံရေးတက်ကြွတဲ့ ကလေးတွေကို စစ်ကောင်စီကို သတင်းပေး ဖမ်းခိုင်းတာတွေ လုပ်ခဲ့တာကြောင့် အခုလိုရှင်းလိုက်ရတာပါ။ သေသလား၊ ရှင်သလားတော့ လက်ရှိချိန်မှာ အတည်ပြုလို့မရသေးဘူး”လို့ ဒေသတွင်း မြေအောက်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

4 weeks Ago
More News
Up