ဒလ

October 2, 2021

ဒလမြို့ အမှိုက်ပုံကြီးတွင် ဗုံးပေါက်

ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ အောက်တိုဘာ ၁ ရက် ည ၈ နာရီလောက်က အားပြင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့​တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ကျန်စစ်သားရပ်ကွက်က အမှိုက်ပုံကြီးမှာ ဗုံးပေါက်ကွဲတာပါ။ အသံအတော်ကျယ်တယ်၊ အိမ်တွေပါတုန်သွားတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးမကြာခင် စစ်ကား တွေရောက်လာပြီး ည ၉ နာရီလောက်မှာ သေနတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။ ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာ မသိရသေးပါဘူး။

4 months Ago

February 9, 2021

ဒလမြို့နယ်တွင် ပညာရေးဝန်ထမ်းများ ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်နေ

စစ်အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း ဒလမြို့နယ် ပညာရေးဝန်ထမ်းတွေ ဦးဆောင်ပြီး ဒီနေ့မနက် ၉ နာရီကစတင်ကာ ဆန္ဒဖော်ထုတ်နေကြပါတယ်။

12 months Ago
More News
Up