ဒယ်နီယယ်ဂျိမ်းစ်

December 28, 2020

မန်ယူတောင်ပံကစားသမား ဒယ်နီယယ်ဂျိမ်းစ်ကို ဝက်စ်ဘရွမ်းအသင်း ခေါ်ယူလို

မန်ယူတောင်ပံကစားသမား ဒယ်နီယယ်ဂျိမ်းစ်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဝက်စ်ဘရွမ်းအသင်းလည်း ပါဝင်လာပါတယ်။ ဒယ်နီယယ်ဂျိမ်းဟာ ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက် ပွဲထွက်လူစား ပါဝင်ကစားခဲ့ပေမယ့် အရင်နှစ်ကလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။ ပုံမှန်ပွဲထွက် အာမခံချက်မရှိတဲ့ ဒယ်နီယယ်ဂျိမ်းစ်ကို ပရီးမီးယားလိဂ် အသင်းငယ်တွေက အငှားစာချုပ်နဲ့ ခေါ်ယူလိုကြတာပါ။ အဲဒီအသင်းတွေထဲမှာ နည်းပြသစ် ဆမ်အလာဒိုက်စ်ရဲ့ ဝက်စ်ဘရွမ်းအသင်းလည်း ပါဝင် လာခဲ့တာပါ။  ညာတောင်ပံ တိုက်စစ်ကစားသမား ဂျိမ်းစ်ကို လိဒ်ယူနိုက်တက်၊ ဘန်လေ၊ ဘရိုက်တန် အစရှိတဲ့အသင်းတွေက လာမယ့်ဇန်နဝါရီမှာ အငှားစာချုပ်နဲ့ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
1 year Ago

September 2, 2020

ဒယ်နီယယ်ဂျိမ်းစ်၏ အကောင်းဆုံးခြေစွမ်း ပြန်မြင်ရမည်ဟု ရွိုင်ယန်ဂစ်ပြော 

ဒယ်နီယယ်ဂျိမ်းစ်ဟာ မန်ယူအသင်းအတွက် အကောင်းဆုံး ခြေစွမ်း ပြန်လည်ပြသနိုင်လိမ့်မယ်လို့ ဝေးလ်နည်းပြ ရွိုင်ယန်ဂစ်က သုံးသပ်လိုက်ပါတယ်။  ဝေးလ်တောင်ပံတိုက်စစ်ကစားသမား ဒယ်နီယယ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီကမှ ဆွမ်ဆီးကနေ ပေါင် ၁၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။  အသင်းနဲ့ ပွဲဦးထွက် ၄ ပွဲမှာပဲ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျိမ်းစ်ဟာ ရာသီနောက်ပိုင်း ကာလမှာတော့ ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိ ဒယ်နီယယ်ဂျိမ်းစ်ဟာ  ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ စုစုပေါင်း ၄၆ ပွဲ ကစားခဲ့ပြီး ရာသီနောက်ပိုင်းကာလမှာ ခြေစွမ်းပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။  ဝေးလ်လက်ရွေးစင် နည်းပြရွိုင်ယန်ဂစ်ကတော့ ဒယ်နီယယ်ဂျိမ်းစ်က ရာသီသိမ်းကာလမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတာ မှန်ပေမယ့်လည်း သူ့ရဲ့လေ့ကျင့်ပုံတွေနဲ့ စိတ်ဓာတ်ပိုင်းအရ မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ဦးမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။  ဒယ်နီယယ်ဂျိမ်းစ်ဟာ လက်ရှိအချိန်မှာ နေးရှင်းလိဂ်ပွဲစဉ်တွေ ကစားရမယ့် ဝေးလ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတာ ဖြစ်ပါတယ်။
1 year Ago
Up