မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ဒယ်ဂူးမြို့
Home
ဒယ်ဂူးမြို့
A
d
v
e
r
t
i
s
e
m
e
n
t
With Us
March 9, 2020
1K
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှ ပြန်လာသည့် မြန်မာ ၁၃ ဦးကို သီးသန့်စောင့်ကြပ်ကြည့်ရှုနေ
ကိုရိုနာဗိုင်းရပ်စ် COVID-19
ရောဂါပျံ့နှံ့ဖြစ်ပွားနေတဲ့
တောင်ကိုရီးယား
နိုင်ငံ
ဒယ်ဂူး
မြို့မှ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ရန်ကုန်ရှိ ဆေးရုံ ၂ ခုမှာ သီးသန့် ခွဲခြားထားရှိပြီး ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၈ ရက် မနေ့မနက်ပိုင်းက ကိုရီးယားသမ္မတနိုင်ငံကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ လေယာဉ်တစီးပေါ်မှာ ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသား ၁၃ ဦး လိုက်ပါလာကြောင်း လေယာဉ်မှူးကြီးက သတင်းပေးပို့ခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ ဖျားနာတာနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ မတွေ့ရှိရတဲ့အပြင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ခဲ့တာ မရှိပေမယ့် ရောဂါဖြစ်ပွားမှု မြင့်မားနေတဲ့ ဒယ်ဂူးမြို့ကို သွားရောက်ခဲ့တဲ့ ခရီးသွားရာဇဝင်ရှိလို့ သူတို့အထဲက ၁၀ ဦးကို တောင်ဥက္ကလာပ အမျိုးသမီးနှင့်ကလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ကျန် ၃ ဦးကိုတော့ ဝေဘာဂီအထူးကုဆေးရုံကြီးကို ပို့ဆောင်လိုက်တာပါ။
အဆိုပါ မြန်မာ ၁၃ ဦးကို ၁၄ ရက်ကြာ ခွဲခြားထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ပြုလုပ်ကာ စောင့်ကြပ်ကြည့်ရှုနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက သတင်းထုတ်ပြန်ပါတယ်။
မြန်မာပြည်တွင်းရှိ ဆေးရုံတွေမှ စောင့်ကြပ်ကြည့်ရှုကုသမှု ခံယူနေသူ ၆ ဦး ဟာလည်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ပေးပို့လာတဲ့ ဓာတ်ခွဲအဖြေတွေအရ COVID-19 ရောဂါပိုး မရှိဘူးလို့လည်း ဆိုပါတယ်။
စောင့်ကြည့်လူနာတဦးကို ကုသပေးခဲ့တဲ့ မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနက လက်ထောက်ဆရာဝန်၊ အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးဟာလည်း မတ်လ ၇ ရက်ကစပြီး ဖျားခြင်း၊ အာသီးရောင်ခြင်းဝေဒနာတွေ ခံစားခဲ့ရလို့ ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုခံယူနေရပါတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၈ ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
12 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up