ဒယ်လ်တာလေကြောင်းလိုင်း

A d v e r t i s e m e n t With Us

August 9, 2016

ကွန်ပျူတာစနစ် ချွတ်ယွင်းမှုကြောင့် ကမ္ဘာတ၀န်း ဒယ်လ်တာလေကြောင်းလိုင်း ခရီးစဉ်များ ရပ်ဆိုင်း

အမေရိကန်ပြည်ထောင်စုရဲ့ အဓိကလေကြောင်းလိုင်းကြီး တလိုင်းဖြစ်တဲ့ ဒယ်လ်တာ (Delta) လေကြောင်းလိုင်းရဲ့ ကွန်ပျူတာစနစ် သြဂုတ် ၈ ရက်က ချွတ်ယွင်းခဲ့လို့ ကမ္ဘာတ၀န်းက ဒယ်လ်တာလေကြောင်းလိုင်း ခရီးစဉ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။ အ၀င်ခရီးစဉ်တွေ မထိခိုက်ခဲ့ပေမယ့် အထွက်လေယာဉ်ခရီးစဉ်တွေ ရပ်နားခဲ့ရလို့ ခရီးသည်တွေ လေဆိပ်တွေမှာ စုပြုံသောင်တင်ခဲ့ကြတာပါ။ အမေရိကန်၊ ဂျပန်၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတွေမှာလည်း ခရီးစဉ်တွေ နှောင့်နှေးခဲ့ပါတယ်။ ၆ နာရီအကြာမှာ ခရီးစဉ်တချို့ကို အကန့်အသတ်နဲ့ ပြန်စတင်ခဲ့ပေမယ့် ခရီးစဉ်နောက်ကျမှုတွေ၊ ဖျက်သိမ်းမှုတွေ ဆက်ရှိမယ်လို့ ခရီးသည်တွေကို သတိပေးထားပါတယ်။ ဒယ်လ်တာလေကြောင်းလိုင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တတိယ လူစီးအများဆုံး လေကြောင်းလိုင်းတလိုင်း ဖြစ်ပါတယ်။ ခရီးသည်တွေကတော့ ခရီးစဉ်တွေ နှောင့်နှေးရတာ၊ ကြိုတင်သတိပေး ပြောဆိုမှုတွေ မရှိလို့ စိတ်ပျက်တယ်လို့ ပြောဆိုကြပါတယ်။ လေကြောင်းလိုင်းကလည်း ခရီးသည်တွေ အဆင်မပြေဖြစ်မှုတွေကို တုံ့ပြန်ဖြေကြားပေးနေပါတယ်။ ဒယ်လ်တာလေကြောင်းလိုင်းဟာ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ အခြေစိုက်တဲ့ လေကြောင်းလိုင်းဖြစ်ပြီး တနှစ်ကို ခရီးသည် သန်း ၁၈၀ လောက် ပို့ဆောင်ပေးနေတာပါ။ အတ္တလန္တာမြို့၊ လေကြောင်းလိုင်းရုံးချုပ်နားမှာ လျှပ်စစ်မီးပြတ်တောက်လို့ ကွန်ပျူတာစနစ်တွေ ချွတ်ယွင်းမှုဖြစ်တာလို့ ကုမ္ပဏီက ပြောပါတယ်။
5 years Ago
Up