ဒယ်လိုဖူ

May 1, 2018

ဘာစီလိုနာ အောင်ပွဲခံတီရှပ်တွင် နာမည်မထည့်သွင်းခဲ့မှုအပေါ် ဒယ်လိုဖူ ဝေဖန်

ဘာစီလိုနာအသင်းရဲ့ အောင်ပွဲခံတီရှပ်မှာ သူ့ရဲ့နာမည် ထည့်သွင်းထားခြင်း မရှိတာနဲ့ပတ်သက်ပြီး ဝတ်ဖို့ဒ်ကစားသမား ဒယ်လိုဖူက ဝေဖန်ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပို့ဒီဗိုကို အနိုင်ရတဲ့ပွဲအပြီးမှာ ကစားသမားတွေရဲ့ နာမည်တွေကို နောက်ကျောမှာ ရိုက်နှိပ်ထားတဲ့ တီရှပ်ဝတ်ဆင်ပြီး အောင်ပွဲခံခဲ့ကြတာပါ။ အဲဒီနာမည်စာရင်းမှာ အခုနှစ်ရာသီ ဘာစီလိုနာအသင်းအတွက် ၁၀ ပွဲ ကစားခဲ့တဲ့ ဒယ်လိုဖူရဲ့နာမည် ထည့်သွင်းရိုက်နှိပ်ခြင်း မရှိခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး မိမိနာမည်ရော မပါဘူးလားဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒယ်လိုဖူက တွစ်တာမှာ ရေးသားခဲ့ပါတယ်။ စပိန်ကစားသမား ဒယ်လိုဖူဟာ ရာသီအစက ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါ ၁၀ ပွဲ အပါအဝင် စုစုပေါင်း ၁၇ ပွဲ ကစားထားပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလက ဝတ်ဖို့ဒ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အောင်ပွဲခံတီရှပ်မှာ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားခဲ့တဲ့ ဒယ်လိုဖူ မပါခဲ့ပေမယ့် တပွဲပဲကစားခဲ့ပြီး အင်တာမီလန်ကို အငှားနဲ့ ပြောင်းရွှေ့သွားတဲ့ ရာဖင်ဟာရဲ့ နာမည်ကိုတော့ ထည့်သွင်းရိုက်နှိပ်ခဲ့ပါတယ်။
3 years Ago
Up