ဒယ်လိုဖူ

January 30, 2018

ဘာစီလိုနာ ကစားသမား ဒယ်လိုဖူ ဝတ်ဖို့ဒ်သို့ အငှားဖြင့်ပြောင်းရွှေ့

ဘာစီလိုနာ တောင်ပံကစားသမား ဒယ်လိုဖူဟာ ပရီးမီးယားလိဂ်ကလပ် ဝတ်ဖို့ဒ်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။ အသက် ၂၃ နှစ်ရှိ စပိန်ကစားသမား ဒယ်လိုဖူအနေနဲ့ ဒမ်ဘီလီနဲ့ ကော်တင်ဟိုတို့ ရောက်ရှိလာပြီးနောက်မှာ ပုံမှန်ပွဲထွက်ခွင့် မရတာကြောင့် ပရီးမီးယားလိဂ်ဆီ ပြန်လည်ပြောင်းရွှေ့လာတာပါ။ ဒယ်လိုဖူဟာ အဲဗာတန်အသင်းမှာ နှစ်နှစ်ကြာကစားခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အေစီမီလန်အသင်းမှာ အငှားကစားရင်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းမှာတော့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ စပိန်လက်ရွေးစင်အတွက် ၄ ပွဲကစားထားတဲ့ ဒယ်လိုဖူဟာ အဲဗာတန်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ် ၆၂ ပွဲမှာ ၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဝတ်ဖို့ဒ်အသင်းဟာ နည်းပြသစ် ဂါစီယာကို ခန့်အပ်ပြီးနောက် ဒယ်လိုဖူကို ပထမဆုံး ခေါ်ယူခဲ့တာဖြစ်ပါတယ်။
4 years Ago
Up