ဒမ်းစတက်မြို့

May 8, 2020

ဂျာမနီနိုင်ငံတွင်  သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ဒမ်းစတက်မြို့မှာ မေ ၇ ရက်က  သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး လူ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။   မိသားစုနှစ်စုကြား အချင်းများရာကနေ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။   ညနေ  ၅ နာရီဝန်းကျင်မှာ မျက်မြင်တွေက ရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြီး ခရန်းနစ်စတိုင်း ခရိုင်မှာ  သေနတ်ပစ်ခတ်မှု ဖြစ်တယ်လို့ အကြောင်းကြားခဲ့ကြောင်း၊ အဲဒီနောက် သေနတ်ဒဏ်ရာနဲ့ လူ ၃ ယောက်ကို ဆေးရုံခေါ်သွားခဲ့ပြီး ၂ ယောက်ဟာ  စိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။  ရဲတပ်ဖွဲ့က  လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပေမယ့် ပြစ်မှုမှာ သူတို့အမှန်တကယ် ပါဝင်လားဆိုတာ မသဲကွဲသေးဘူးဆိုပြီး  ရဲတပ်ဖွဲ့က တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ 
12 months Ago
Up