ဒေါ့မွန် ကွင်းလယ်သမား ဒမ်ဘီလီကို ဘာစီလိုနာအသင်းက အပြီးသတ် ခေါ်ယူနိုင်လိုက်ပါတယ်။
ဘာစီလိုနာက ဒမ်ဘီလီကို ဒေါ်လာ ၁၂၄ သန်းပေးပြီး ၅ နှစ်စာချုပ်နဲ့ သဘောတူထားတာပါ။
အသက် ၂၀ အရွယ် ဒမ်ဘီလီဟာ သြဂုတ် ၂၇ ရက်နေ့ ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှု ခံယူမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက ဒမ်ဘီလီအတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေးဟာ တိုက်စစ်မှူး နေမာပြီးရင် ဒုတိယမြောက် ကမ္ဘာ့ဈေးအကြီးဆုံး ပြောင်းရွှေ့မှုလည်း ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း တယေက်ဖြစ်တဲ့ အိုဝင်ဟာဂေးကတော့ ဒမ်ဘီလီဟာ နေမာလိုပဲ အစွမ်းအစကောင်းတွေ ရှိတဲ့ ကစားသမားတယောက်ဖြစ်တယ်လို့ မှတ်ချက်ပေးထားပါတယ်။
ဒမ်ဘီလီဟာ တိုက်စစ်မှာ အားသန်တဲ့ ကွင်းလယ်သမား တယောက်လည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ဒေါ့မန်အတွက် ၁၀ ဂိုး သွင်းယူပေးထားပြီး ၂၁ ဂိုးရအောင် ပံ့ပိုးပေးထားပါတယ်။
ဘာစီလိုနာအသင်းဟာ လီဗာပူး ကွင်းလယ်သမား ကော်တင်ဟိုကိုလည်း ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ်။
5 years Ago