ဒမ္ဘီလီ

January 22, 2019

ခြေစွမ်းပြနေသည့် ဘာစီလိုနာတိုက်စစ်မှူး ဒမ်ဘီလီ ချီးကျူးခံရ

ရာသီအစပိုင်းက ခြေစွမ်းမပြနိုင်တာအပြင် စည်းကမ်းဖောက်ဖျက်မှုတွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဘာစီလိုနာတိုက်စစ်မှူး အော့စမန် ဒမ်ဘီလီဟာ အခုအချိန်မှာတော့ ချီးကျူးမှု ခံနေရပါတယ်။ ပြီးခဲ့တဲ့ ကိုပါဒယ်ရေး ဖလားပွဲစဉ်မှာ ဘောလုံးဆွဲပြေးတဲ့ပုံစံကို ပရိသတ်တွေက အထူးချီးကျူးပြီး ရော်နယ်ဒင်ဟိုနဲ့တောင် ခိုင်းနှိုင်းပြောဆိုခဲ့ကြပါတယ်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းရဲ့ အဓိက ပွဲထွက်ကစားသမား ဖြစ်လာပြီး စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ကော်တင်ဟိုဟာ အသင်းကနေ ထွက်ခွာဖို့တောင် စဉ်းစားနေရတဲ့ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းက ခေါ်ယူဖို့ သတင်းတွေ ထွက်လာခဲ့ပေမယ့် လက်ရှိခြေစွမ်းကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ထွက်ခွာခွင့်ပြုမယ့်သဘော မရှိဘူးလို့ သိရတာကြောင့် ဒင်းနစ်ဆွာရက်ဇ် တဦးတည်းသာ အာဆင်နယ်ကို ရောက်ရှိဖို့ နီးစပ်နေပါတယ်။
3 years Ago

January 18, 2019

စပါးကွင်းလယ်လူ ဒမ်ဘီလီ တရုတ်ကလပ်သို့ ပြောင်းရွှေ့

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ ဒမ်ဘီလီဟာ တရုတ်ကလပ် ဂွမ်ဇူးအသင်းကို ပေါင် ၁၁ သန်းနဲ့ အပြီးသတ် ရောက်ရှိသွားပါတယ်။ ဒမ်ဘီလီဟာ စပါးအသင်းနဲ့ ၆ လ သက်တမ်းစာချုပ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး ဒမ်ဘီလီအနေနဲ့ အနာဂတ်မှာ အဆင်ပြေ အောင်မြင်ပါစေလို့ စပါးအသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒမ်ဘီလီဟာ အခုနှစ်ဘောလုံးရာသီမှာ ၁၃ ပွဲပဲ ကစားခဲ့ရပြီး ဆစ်ဆိုကိုနဲ့ ဟယ်ရီဝင့်ခ်တို့က အဓိကပွဲထွက်ခွင့် ရခဲ့ပါတယ်။ အသက် ၃၁ နှစ်ရှိ ဘယ်လ်ဂျီယံကစားသမား ဒမ်ဘီလီဟာ နည်းပြ စတိုဂျိုကိုဗစ် အပါအဝင် အသင်းသားတွေနဲ့လည်း ဇန်နဝါရီ ၁၇ ရက်က မိတ်ဆက်စကား ပြောကြားခဲ့ပါတယ်။ ဒမ်ဘီလီဟာ ၂၀၁၂ ခုနှစ်ကတည်းက ဖူလ်ဟမ်ကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး စပါးအသင်းအတွက် ၇ နှစ်ကြာ ကာလအတွင်းမှာ စုစုပေါင်း ၂၄၂ ပွဲကစားပြီး ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
3 years Ago
More News
Up