ဒမားစကတ်

September 2, 2018

ဒမားစကတ်မြို့နား ပေါက်ကွဲမှု လေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ဟုဆို

ဒီကနေ့မနက်အစောပိုင်းက ဒမားစကတ်မြို့နားမှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ မက်ဇာမြို့ လေတပ်စခန်းရဲ့ လက်နက်တွေ စုထားတဲ့နေရာမှာ ပေါက်ကွဲခဲ့တာကြောင့်လို့ ဆီးရီးယားနိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ အစ္စရေးဘက်က ဒုံးကျည်တွေကို ဆီးရီးယားလေကြောင်း ကာကွယ်ရေးအဖွဲ့က တုံ့ပြန်ခဲ့တာကြောင့် ပေါက်ကွဲသံတွေ ထွက်ခဲ့တာလို့ဆိုပြီး ဆီးရီးယား အစိုးရကို ထောက်ခံတဲ့ ဒေသန္တရမဟာမိတ်အဖွဲ့ရဲ့ အရာရှိတဦးက ပြောထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အရေးအဖွဲ့ကလည်း ပေါက်ကွဲမှုတွေဟာ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး သေဆုံးဒဏ်ရာရသူရှိတယ်လို့ ပြောထားပါ တယ်။ ဒါပေမယ့် ဆီးရီးယားနိုင်ငံ ပိုင်မီဒီယာကတော့ အစ္စရေးရဲ့ကျူးကျော်မှုမရှိဘူးဆိုပြီး သတင်းဖော်ပြပါတယ်။ လက်ဘနွန်က ရှီးယိုက်ဟစ်ဘိုလာအဖွဲ့ အပါအဝင် ဆီးရီးယားသမ္မတအာဆတ်ကို ထောက်ခံတဲ့အဖွဲ့တွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အစ္စရေးဘက်က အရင်တုန်းက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အစောပိုင်းမှာ ဆီးရီးယားထဲဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး အစ္စရေးဘက်က တစုံတရာ မပြောထားသေးပါဘူး။
3 years Ago
Up