ဒမတ်စကတ်မြို့

A d v e r t i s e m e n t With Us

April 28, 2020

အစ္စရေး ဒုံးကျည်များ ဆီးရီးယားနိုင်ငံအတွင်း ကျရောက်၊ အရပ်သား ၃ ဦး သေဆုံး

အစ္စရေး ဒုံးကျည်တွေ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့ ဆင်ခြေဖုံးကို ကျရောက်လို့ အရပ်သား ၃ ယောက် သေဆုံးပြီး တခြားလူ ၄ ယောက် ဒဏ်ရာရတယ်လို့ ဆီးရီးယား အစိုးရမီဒီယာက ဧပြီ ၂၇ မှာ ပြောပါတယ်။ ဒမတ်စကတ်မြို့ အနောက်ပိုင်း ဟူဂျေးရာနဲ့ အဒ်လီယာမြို့တွေပေါ်ကို အစ္စရေး ဒုံးကျည်တွေ ကျရောက်ခဲ့လို့ နှစ်ထပ်အဆောက်အဦတလုံး ပြိုကျပြီး ပတ်ဝန်းကျင်မှာလည်း အကြီးအကျယ် ပျက်စီးတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မြို့တော် ဒမတ်စကတ်ပေါ်က ပစ်မှတ်တွေကို ပစ်ခတ်မှုကိုတော့ ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးတပ်က ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ အစိုးရရုပ်သံ စာနာက အစောပိုင်းက ထုတ်လွှင့်သွားပါတယ်။ ဆီးရီးယား လေကြောင်းရန် ကာကွယ်ရေးစနစ်က လက်ဘနွန်နိုင်ငံထဲက လာတဲ့ အစ္စရေး ဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားခဲ့သလို ပစ်မှတ်ကို မထိခင် ဒုံးကျည်တချို့ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ စာနာသတင်းဌာနက ပြောပါတယ်။
10 months Ago
Up