ဒမတ်စ်ကတ်

August 24, 2015

ဆီးရီးယား ဒမတ်စ်ကတ် ဗဟိုအကျဉ်းထောင် လက်နက်ကြီးထိမှန်၊ ၁၃ ဦးသေဆုံး (ရုပ်သံ)

ဒမတ်စ်ကတ်ဗဟိုအကျဉ်းထောင်ကို သြဂုတ် ၂၃ ရက်နေ့က လက်နက်ကြီး ကျည်ဆန် ထိမှန်ခဲ့ရာ လူ ၁၃ ဦးသေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆီးရီးယား ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ထောင်ကိုလာရောက်လေ့လာသူတွေ ရှိနေတုန်းမှာပဲ လက်နက်ကြီးကျည်ဟာ ဗဟိုအကျဉ်းထောင်ဝင်ပေါက်ကို ထိမှန်ခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲမှာ အရပ်သား ထောင်အစောင့်အကြပ်တွေ အများစု ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဒမတ်စ်ကတ် ဗဟိုအကျဉ်းထောင် အကြီးအကဲ အက်ဆိဖ်မိုဟာမက်က “ထောင်ကိုလာပြီး လေ့လာနိုင်မယ့်အချိန်ကို ပုံမှန်ရုံးလုပ်ငန်း အချိန်အတိုင်း သတ်မှတ်ထားတာပါ။ ဒီထောင်ကို သူပုန်တွေ မကြာခဏ တိုက်ခိုက်ခံရလို့ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။ ဆီးရီးယား လူ့အခွင့်အရေး လေ့လာသုံးသပ်သူတွေက အကျဉ်းထောင်ကို လက်နက်ကြီး ထိမှန်မှုမှာ လူပေါင်းများစွာ ဒဏ်ရာရခဲ့ပြီး သေဆုံးမှုတွေ မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ သုံးသပ်ပြောဆိုပါတယ်။
6 years Ago
Up