ဒဗလျူအိတ်ခ်ျအို

A d v e r t i s e m e n t With Us

January 25, 2017

ကမ္ဘာတဝန်း ကြက်ငှက်တုပ်ကွေးရောဂါ အလေးထားစောင့်ကြည့်ရန် ဒဗလျူအိတ်ခ်ျအို သတိပေး

ကမ္ဘာတဝန်း ကြက်ငှက်တုပ်ကွေးရောဂါ ပြန်လည်ဖြစ်ပွားလာတဲ့အတွက် ဒီရောဂါကို အထူးအလေးထား စောင့်ကြည့်ဖို့ ကမ္ဘာ့နိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က ဇန်နဝါရီ ၂၃ ရက်နေ့က သတိပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး နိုင်ငံပေါင်း ၄၀ လောက်မှာ ကြက်ငှက်တုပ်ကွေးကူးစက်မှု ပြန်လည်တွေ့ရှိနေရပြီး ကူးစက်နှုန်းမြန်ဆန်တယ်လို့ ဒဗလျူအိတ်ခ်ျအို ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်းက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောဆိုပါတယ်။ အခုပြန်ဖြစ်လာတဲ့ H5N6 ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးကွဲ ၄ မျိုး ပေါင်းစပ်လာတဲ့ မျိုးစိတ်သစ်ဖြစ်ပြီး အာရှနိုင်ငံတွေမှာ အဓိက ကူးစက်ပြန့်ပွားတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံမှာ H7N9 ကြက်ငှက်တုပ်ကွေး ကူးစက်ခံရသူ ၁၀၀၀ လောက် ရှိခဲ့ပါတယ်။ အခုနောက်ဆုံး ပြန်လည်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာလည်း လူကနေ လူကို မကူးစက်ဘူးလို့ ပြောလို့မရကြောင်း မာဂရက်ချန်းက ပြောပါတယ်။
4 years Ago

March 10, 2016

လိင်ဆက်ဆံမှုမှ ဇီကာဗိုင်းရပ်စ် ကူးစက်မှု သိသိသာသာ အဖြစ်များဟု ဒဗလျူအိတ်ခ်ျအို ပြော

လိင်ဆက်ဆံမှုကနေ ဇီကာဗိုင်းရပ်စ် ကူးစက်မှုဟာ ထင်ခဲ့တာထက်ကို သိသိသာသာ ပိုအဖြစ်များနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (ဒဗလျူအိတ်ခ်ျအို) က မတ် ၈ ရက်နေ့က ထုတ်ဖော် ပြောဆိုပါတယ်။ မတ် ၈ ရက်နေ့ ဒဗလျူအိတ်ခ်ျအို အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ပြီး ဇီကာဗိုင်းရပ်စ်နဲ့ ကလေးတွေ ပုံမှန်မဟုတ်ဘဲ မွေးဖွားမှု ဆက်စပ်တဲ့ အထောက်အထားသစ်တွေ ပိုမိုတွေ့နေရတယ်လို့လည်း ဒဗလျူအိတ်ခ်ျအိုက ဆိုပါတယ်။ လတ်တလော အမေရိကားတိုက်ရှိ နိုင်ငံတွေမှာ ဇီကာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကမ္ဘာ့အရေးပေါ် အခြေအနေအဖြစ် ဒဗလျူအိတ်ခ်ျအိုက ပြီးခဲ့တဲ့လက ကြေညာထားပါတယ်။ ဇီကာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေတဲ့ နိုင်ငံတွေက နောက်ဆုံးရရှိထားတဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ အစီရင်ခံစာတွေအရ လိင်ဆက်ဆံမှုနဲ့ ဇီကာဗိုင်းရပ်စ် ကူးစက်မှုဟာ အရင်ထင်ထားတာထက် ပိုခိုင်ခိုင်မာမာ တွေ့ရှိနေရပြီး တကယ့်ကို စိုးရိမ်ကြောက်လန့်စရာလို့ ဒဗလျူအိတ်ခ်ျအို ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မာဂရက် ချန် (Dr. Margaret Chan) က ပြောပါတယ်။ ဦးခေါင်းနဲ့ ဦးနှောက် ပုံမှန်ဖွံ့ဖြိုးမှုအဆင့်မရှိဘဲ ကလေးမွေးဖွားမှု မိုက်ခရို ဆီဖလီ (Microcephaly) ရောဂါနဲ့ ဇီကာဗိုင်းရပ်စ် ဆက်စပ်မှုဟာလည်း တခြား ကျန်းမာရေး ပြဿနာတွေထဲက တခုပဲ ရှိသေးတယ်လို့ ဒဗလျူအိတ်ခ်ျအို ညွှန်ချုပ် မာဂရက်ချန်က ပြောပါတယ်။
5 years Ago
Up