ဒန်းနစ်စ်မုန်တိုင်း

February 16, 2020

ဒန်းနစ်စ်မုန်တိုင်းအန္တရာယ်အတွက် ဗြိတိန် လေကြောင်းခရီးစဉ်များ ဖျက်သိမ်း

ဒန်းနစ်စ် မုန်တိုင်းအတွက် ပြင်ဆင်တဲ့အနေနဲ့ ဗြိတိန်နိုင်ငံထဲမှာ လေကြောင်းခရီးစဉ်တွေကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ဖျက်သိမ်းထားပြီး စစ်တပ်ကိုလည်း ကယ်ဆယ်ရေးကူညီဖို့ အသင့်ပြင်ဆင်ထားပါတယ်။ အင်္ဂလန်နယ်တလွှားမှာ မိုးကြီးပြီး ရေလွှမ်းမိုးလိမ့်မယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ မုန်တိုင်းကြောင့် အင်မတန် မိုးကြီး ရေကြီးဖို့ ခန့်မှန်းထားလို့ အင်္ဂလန်နယ်ထဲမှာ ရေကြီးမှု သတိပေးချက် စုစုပေါင်း ၁၅ ချက် ထုတ်ပြန်ထားပါတယ်။ နိုင်ငံအတွင်း နယ်မြေအစိတ်အပိုင်းတွေမှာ အနှောင့်အယှက် ပြဿနာတွေ ရှိလာမယ်လို့ သဘာဝပတ်ဝန်းကျင် အေဂျင်စီက ဆိုပါတယ်။ မုန်တိုင်း စီယာရာကြောင့် အိမ်ခြေထောင်ချီ လျှပ်စစ်မီး ပြတ်တောက်ပြီး အသွားအလာ အနှောင့်အယှက်ဖြစ်ခဲ့ပြီး သီတင်းပတ်တပတ် မကြာခင် မုန်တိုင်း ဒန်းနစ်စ်က ဝင်ရောက်လာတာပါ။ ဒေသခံတွေက မုန်တိုင်းအတွက် ပြင်ဆင်နေချိန် ယော့ခ်ရှိုင်းယားနယ်မှာ ကူညီပေးဖို့ စစ်တပ်ကို တာဝန်ချထားပါတယ်။
1 year Ago
Up