#ဒန်ဇဲလ်ဝါရှင်တန်

January 25, 2021

ဒန်ဇဲလ်ဝါရှင်တန်၊ ရာမီမလိခ်တို့ ပါဝင်သည့် လျှို့ဝှက်သည်းဖိုရုပ်ရှင်-The Little Things (နမူနာ)

နာမည်ကြီး ဟောလိဝုဒ်စတား မင်းသား ၂ လက်ဖြစ်ကြတဲ့ ဒန်ဇဲလ်ဝါရှင်တန်နဲ့ ရာ မီမလိခ်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ The Little Things ရုပ်ရှင်ကို ခုတပတ်ထဲမှာ ပြသသွားဖို့ ရှိနေပါတယ်။

  Crime, Drama, Thriller  အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ Saving Mr. Banks (2013), The Founder (2016) နဲ့ The Highwaymen (2019) ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ John Lee Hancock က ရိုက်ကူး ပုံဖော်ပေးထားတာပါ။

 The Little Things ရုပ်ရှင်ကားထဲမှာတော့ ၁၉၉၀ ပြည့်လွန်ကာလကို အခြေခံထားပြီး ဆက်တိုက်လူသတ်မှု ကျူးလွန်နေသူတဦးကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားကြတဲ့ အခြေအနေ၊ အဖြစ်အပျက်တွေကို ရာဇဝတ်ပြစ်မှုဆိုင်ရာ လျှို့ဝှက်သည်းဖို ဒရာမာဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

 ဒီကားထဲမှာ ဒန်ဇဲလ်ဝါရှင်တန်က ကဲန်ကောင်တီ ရဲအရာရှိတယောက်အနေနဲ့ ပါဝင်ထားပြီး ရာမီမလိခ်ကတော့ လော့စ်အင်ဂျလိစ်စုံထောက်တယောက်အနေနဲ့ ပါဝင်ထားခဲ့ကာ သူတို့နဲ့အတူ ဟောလိဝုဒ်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ဂျာရက်ဒ်လက်တို၊ နာတလီမိုရေးလ်စ်တို့ကလည်း ပါဝင်ထားကြတာပါ။

 ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline မပါဘဲ မကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ် ရေ ၁၀ သန်းကျော် ရှိနေခဲ့တာပါ။

ကြာမြင့်ချိန် ၁၂၇ မိနစ်ရှိတဲ့ ဒီကားကိုတော့ နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Warner Bros. Pictures ကနေ ဖြန့်ချိပေးသွားမှာဖြစ်ပြီး အမေရိကန်မှာ လာမယ့် ဇန်နဝါရီ ၂၉ ရက်က စတင်ပြသသွားမှာ ဖြစ်ပါတယ်။

2 years Ago
Up